
ဒေသတွင်းထုတ်လုပ်နိုင်စွမ်းသည် လိုအပ်ချက်ထက်ပိုလျှံသောကြောင့် အရှေ့တောင်အာရှ သည် ဇီဝလောင်စာများကို ဥရောပအစရှိသည့် အခြားဈေးကွက်များသို့ တင်ပို့နိုင်သည့် နေရာတွင် ရှိနေကြောင်း မလေးရှားနိုင်ငံပိုင်ရေနံနှင့် ဂတ်စ်ကုမ္ပဏီ Petronas ၏ အကြီးတန်းအလုပ်အမှုဆောင် တစ်ဦးကပြောကြားခဲ့ပါသည်။ အာရှတွင် နှစ်စဉ်လေကြောင်းလောင်စာသုံးစွဲနိုင်စွမ်းရည် သည် ၂၀၃၀ ပြည့်နှစ်တွင် မက်ထရစ်တန် ၄ သန်းထိရောက်ရှိနိုင်ကြောင်း သန့်စင်ခြင်း၊ ဈေးကွက် တင်ခြင်းနှင့် ကုန်သွယ်ရေးဒုတိယဥက္ကဌ Ahmad Adly Alias က Asia Pacific Petroleum Conference တွင် ပြောကြားခဲ့ပါသည်။ Ahmad ကအာဆီယံ၏ ထိုသို့ပိုလျှံမှုသည် ဥရောပကဲ့သို့ သော ဈေးကွက်များသို့ တင်ပို့နိုင်သည့်နေရာတွင် တည်ရှိနေကြောင်း ပြောကြားခဲ့ပါသည်။ အာရှ ၏ အားကောင်းမှုသည် ၎င်းတို့၏ လိုအပ်သောအရင်းအမြစ်များရယူနိုင်မှု၊ ထုတ်လုပ်မှုစွမ်းရည် မြင့်တက်လာမှုနှင့် ဝယ်လိုအားအရှိန်မြင့်တက်လာမှုတို့ကြောင့်ဖြစ်ကြောင်း သိရပါသည်။ အာရှ ပစိဖိတ်၏ ဇီဝလောင်စာသုံးသည့်သယ်ယူပို့ဆောင်ရေးအတွက် လိုအပ်ချက်မှာ ၂၀၃၀ ခုနှစ်အထိ တစ်နှစ်လျှင် လီတာ သန်း ၂၅၀ ခန့် ထိမြင့်တက်ရန်မျှော်မှန်းရကြောင်း သိရပါသည်။ Petronas သည် တစ်နှစ်လျှင် ဇီဝလောင်စာ တန်ချိန် ၆၅၀၀၀ ထုတ်လုပ်နိုင်သည့် ဇီဝလောင်စာသန့်စင် စက်ရုံကို Enilive ကုမ္ပဏီနှင့် ပူးတွဲတည်ဆောက်လျှက်ရှိကြောင်း သိရပါသည်။ ပီနန်းတွင်တည်ရှိ သည့် ထိုစီမံကိန်းသည် ၂၀၂၈ ခုနှစ် နှစ်ဝက်တွင် ထုတ်လုပ်မှုစတင်ရန် ရည်ရွယ်ထားကြောင်း သိရပါသည်။
DOCA (ရန်ကုန်)