မွန်ဂိုလီးယားနိုင်ငံ၏ ငွေကြေးဖောင်းပွမှုသြဂုတ်လတွင် မြင့်တက်လာ

Powered by Drupal

   စားသုံးသူစျေးနှုန်းအညွှန်းကိန်း (CPI) ဖြင့်တိုင်းတာသော မွန်ဂိုလီးယားနိုင်ငံ၏ ငွေကြေး ဖောင်းပွမှုနှုန်းသည် သြဂုတ်လတွင် ၈.၈ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း အမျိုးသား စာရင်းအင်း (NSO) က စက်တင်ဘာလ ၁၀ ရက်နေ့က ပြောကြားခဲ့ပါသည်။

          ၎င်းသည် ၂၀၂၄ ခုနှစ်၏ အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၂.၆ ရာခိုင်နှုန်းဖြင့် တက်လာခြင်း ဖြစ်ပြီး ဇူလိုင်လနှင့် နှိုင်းယှဉ်ပါက ၁.၆ ရာခိုင်နှုန်းမြင့်တက်လာခြင်းဖြစ်ပါသည်။

          မွန်ဂိုလီးယားနိုင်ငံသည် စီးပွားရေးနှင့် ငွေကြေးတည်ငြိမ်မှုကို သေချာစေရန် ၂၀၂၇ ခုနှစ်မှစ၍ ငွေကြေးဖောင်ပွမှုအား ၅ ရာခိုင်နှုန်း(+- ၂ရာခိုင်နှုန်း) အတွင်းထိန်းထားရန်ရည်ရွယ် လျှက် ရှိပါ သည်။

          အာရှဖွံ့ဖြိုးရေးဘဏ်က စီးပွားရေးလုပ်ငန်းများ ပိုမိုအားကောင်းလာခြင်း၊ အစိုးရ၏သုံးစွဲ မှုပိုမို များပြားလာခြင်းနှင့် မကြာသေးမှီက ဓာတ်အားစျေးနှုန်းမြင့်တက်လာခြင်းတို့ကို ကိုးကား၍ ၂၀၂၅ ခုနှစ်တွင် ငွေကြေးဖောင်းပွမှုသည် ၉.၁ ရာခိုင်နှုန်း အထိမြင့်တက်လာမည်ဖြစ်ပြီး ၂၀၂၆ ခုနှစ်တွင် ၇.၀ ရာခိုင်နှုန်းမြင့်လာမည်ဟု ခန့်မှန်းထားပါသည်။

          မွန်ဂိုလီးယားနိုင်ငံ၏ GDP သည် ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်တွင် ၅.၆ ရာခိုင်နှုန်းတိုးတက်ခဲ့ သည်ဟု စာရင်းအင်းအေဂျင်စီက ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)