တရုတ်နိုင်ငံသည် ၂၀၂၄ ခုနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၉.၉ ရာခိုင်နှုန်းတိုးတက်

Powered by Drupal

   တရုတ်နိုင်ငံသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအသစ် ၅၉၀၀၀ ခန့်တည်ထောင်ခဲ့ပြီး ယခင်နှစ်ကထက် ၉.၉ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်းစက်တင်ဘာလ ၉ ရက်နေ့က ထုတ်ပြန်ခဲ့သော အချက်အလက်များအရသိရပါသည်။

          ပြီးခဲ့သည့်နှစ်က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် အမေရိကန်‌ဒေါ်လာ ၁၁၆.၂၄ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး ရှန်ဂန်မြို့တွင် ကျင်းပသည့် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုပြပွဲတွင် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ဖွံ့ဖြိုးဆဲနိုင်ငံများအနက် နိုင်ငံခြားအရင်း အနှီးအများဆုံးလက်ခံရရှိသော နိုင်ငံအဖြစ် ဆက်လက်ရပ်တည်နေကြောင်း ပြောကြားခဲ့ပါသည်။

          တရုတ်နိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပုံစံသည် ဆက်လက်တိုးတက်လျှက်ရှိပြီး စုစုပေါင်း နိုင်ငံခြား အရင်းအနှီး ၃၄.၆ ရာခိုင်နှုန်းဖြစ်ပြီး နည်းပညာမြင့်လုပ်ငန်းများမှဖြစ်သည်။

          ၂၀၂၄ ခုနှစ်၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများသည် တရုတ်နိုင်ငံ၏ စီးပွားရေးနှင့် လူမှု ရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ပံ့ပိုးပေးခဲ့ပါသည်။ စုစုပေါင်း ပို့ကုန်၊ သွင်းကုန်တန်ဖိုးသည် အမေရိကန် ဒေါ်လာ ၁.၈ ထရီလီယံသို့ ရောက်ရှိခဲ့ပြီး နိုင်ငံ၏ စုစုပေါင်း နိုင်ငံခြားကုန်သွယ်မှု၏  ၂၉ ရာခိုင်နှုန်း ရှိကြောင်း အစီအရင်ခံစာ၏ ‌ဖော်ပြချက်အရသိရပါသည်။

DOCA(ရန်ကုန်)