
ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၅ ခုနှစ်၏ ပထမ ၈ လအတွင်း ရော်ဘာစေးတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃၂၈ မီလီယံ ဝင်ငွေရရှိခဲ့ပြီး ယခင်နှစ် အလားတူကာလနှင့် တူညီနေကြောင်း စက်တင်ဘာလ ၁၁ ရက်နေ့က ထုတ်ပြန်သော တရားဝင်အချက်အလက်များ အရ သိရှိရပါသည်။
၂၀၂၅ ခုနှစ် ဇန်နဝါရီ-သြဂုတ်လ ကာလအတွင်း ကမ္ဘောဒီးယားနိုင်ငံသည် ကုန်စည်တန်ချိန် ၁၈၃၉၁၀ တန် တင်ပို့ခဲ့ကြောင်း၊ ယင်းသည် ယခင်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၂၀၉၇၃၃ တန်မှ ၁၂ ရာခိုင်နှုန်း ကျဆင်းသွားခြင်းဖြစ်ကြောင်း ရော်ဘာလုပ်ငန်း ညွှန်ကြားရေးဌာနမှ ပြောကြား ခဲ့ပါသည်။ပြည်တွင်းရော်ဘာစေးသုံးစွဲမှုသည် ပထမ ၈ လအတွင်း ၈၉ ရာခိုင်နှုန်း သိသိသာသာ မြင့်တက်လာပြီး တန်ချိန် ၇၅၅၂၃ တန် အထိ ရောက်ရှိခဲ့ပါသည်။ ပြည်တွင်းရောင်းချမှုမှ ဒေါ်လာ ၁၃၇ သန်း ခန့် စုစုပေါင်း ဝင်ငွေရရှိကြောင်း သိရှိရပါသည်။
ရော်ဘာစေးတစ်တန်သည် ပျှမ်းမျှအားဖြင့် ၂၀၂၅ ခုနှစ် ပထမရှစ်လအတွင်း အမေရိကန် ဒေါ်လာ ၁၇၈၆ ရှိပြီး ၂၀၂၄ ခုနှစ် အလားတူကာလထက် ဒေါ်လာ ၂၂၀ ခန့် ပိုများပါသည်ဟု ရော်ဘာ လုပ်ငန်း ညွှန်ကြားရေးဌာန၏ ညွှန်ကြားရေးမှူးချုပ် Khun KaKada ကပြောကြားခဲ့ပါသည်။
ကမ္ဘောဒီးယားနိုင်ငံသည် ရော်ယာစေးကို အဓိကအားဖြင့် မလေးရှား၊ ဗီယက်နမ်၊ စင်္ကာပူနှင့် တရုတ်နိုင်ငံများသို့ တင်ပို့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)