ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော ဒညှင်းသီး ဈေးနှုန်း

Powered by Drupal

           ကျွန်းလှမြို့ ရပ်ကွက်ဈေးများတွင် သစ်သီးဝလံမျိုးစုံဖြစ်သည့် ပန်းသီး၊ စပျစ်သီး၊ ပန်းသစ်တော် သီး၊ ဖရဲသီး၊ နာနတ်သီး၊ ဒညှင်းသီး၊ ငှက်ပျောသီး နှင့်သခွားမွှေးသီးတို့ ရောင်းချလျက်ရှိရာမှ နာနတ်သီး နှင့် ဒညှင်းသီး ကိုလည်း မန္တလေးမြို့၊ အင်းတော်မြို့၊ ကသာမြို့နှင့်မဲဇာမြို့တို့မှ တဆင့် ဝယ်ယူရောင်းချလျက်ရှိ ကြောင်း သိရသည်။

             ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ် အတွင်း ဖြစ်ပေါ်နေ‌သော ဒညှင်းသီး ဈေးနှုန်းအနေဖြင့် ဒညှင်းသီး အကြီး တစ်လုံးလျှင်(၃၀၀/၂၅၀)ကျပ် နှင့် ဒညှင်းသီး အသေး တစ်လုံးလျှင်(၂၀၀/၁၅၀)ကျပ်၊ ဒညှင်းသီး အပြုတ် အကြီး တစ်လုံးလျှင်(၃၅၀)ကျပ်၊ ငွေကျပ်(၁၀၀၀)ဖိုးလျှင်(၃)လုံး အသေးတစ်လုံး လျှင်(၂၀၀/၂၅၀)ကျပ် ငွေကျပ်(၁၀၀၀)ဖိုး (၄/၅)လုံး ဈေးနှုန်းအသီးသီးတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း ကျွန်းလှမြို့တွင် သစ်သီးဝလံမျိုးစုံ ရောင်းချသည့် ဈေးသည်ထံမှ သတင်းရရှိပါသည်။

DOCA (စစ်ကိုင်း)