ကျွန်းလှမြို့နယ်အတွင်း ‌ရောင်းချလျက်ရှိသော  အမဲသား ဈေးနှုန်း

Powered by Drupal

      ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် အသား/ငါးနှင့် အခြားစား‌သောက် ကုန်ပစ္စည်းများ၊ လူသုံး ကုန်ပစ္စည်းများကို ဒေသတွင်းနှင့် အခြားဒေသများမှ ဝယ်ယူရောင်းချလျက်ရှိရာ ယခုအခါ တွင် လမ်းပန်း ဆက်သွယ်ရေး အခက်ခဲများကြောင့်  ကုန်ဈေးနှုန်းများ အနည်းငယ် မြင့်တက်လျက်ရှိရာမှ အသား/ငါး ဈေးနှုန်းများထဲမှ အမဲသားဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိပါသည်။

         အမဲသားများကို ကျွန်းလှမြို့ ဒေသတွင်းဟင်းစလေများမှ လက်လီ/လက္ကား ရောင်းချလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်၏ အမဲသား ဈေးနှုန်းများ အနေဖြင့် အမဲသားရှယ်(တစ်တုံး ထဲသား)လက္ကားတစ်ပိဿာလျှင်(၂၈၀၀၀)ကျပ်၊အမဲသားရှယ်(တစ်တုံးထဲသား)လက်လီ တစ်ပိဿာလျှင် (၃၀၀၀၀)ကျပ်၊ အမဲသားရိုးရိုး(အသားပြွန်း) လက္ကား တစ်ပိဿာလျှင်(၂၆၀၀၀)ကျပ်၊ အမဲသားရိုးရိုး (အသားပြွန်း) လက်လီ တစ်ပိဿာလျှင်(၂၈၀၀၀)ကျပ်၊ အမဲပုဆိုးကြမ်း တစ်ပိဿာလျှင်(၁၄၀၀၀)ကျပ်၊ အမဲသား အတိုအစ တစ်ပိဿာ(၈၀၀၀)ကျပ်၊ အမဲသွေးခဲ တစ်ပိဿာလျှင်(၄၀၀၀)ကျပ်၊ အမဲအူ တစ်ပိဿာလျှင်(၆၀၀၀)ကျပ် နှင့် အမဲရိုး တစ်ပိဿာ(၆၀၀၀)ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း အမဲသားသည် ထံမှ သိရပါသည်။

DOCA (စစ်ကိုင်း)