Etihad Airways သည် UAE မှ ကမ္ဘောဒီးယားသို့ တိုက်ရိုက် ပျံသန်းမှုကို အောက်တိုဘာလတွင် စတင်မည်

Powered by Drupal

   UAE နိုင်ငံအခြေစိုက် Etihad Airways သည် အာရပ်စော်ဘွားများပြည်ထောင်စု(UAE)၏ မြို့တော် Abu Dhabi (အဘူဒါဘီ)မှ ကမ္ဘောဒီးယားနိုင်ငံရှိ Techo အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၃ ရက်နေ့မှ စတင်၍ တိုက်ရိုက်ပျံသန်းပြေးဆွဲမည်ဖြစ်သည်။ အဆိုပါလမ်းကြောင်းသစ်သည် ကမ္ဘောဒီးယားသို့ လာရောက်လည်ပတ်သည့် နိုင်ငံတကာ ခရီးသည်များ နှင့် ခရီးသွားအရေအတွက် သိသိသာသာ တိုးလာမည်ဟု မျှော်လင့်ထားသည်။ Etihad Airways မှ အာရှသြစတြေးလျဒေသဆိုင်ရာ မန်နေးဂျင်းဒါရိုက်တာ Charles Tan မှ ၁၂-၉-၂၀၂၅ ရက်နေ့၊ နံနက်ပိုင်းတွင် ဖနွမ်းပင်တွင် ကမ္ဘောဒီးယားခရီးသွားလုပ်ငန်းဝန်ကြီး Huot Hak နှင့် တွေ့ဆုံစဉ် အဆိုပါ တိုက်ရိုက်ခရီးစဉ်အသစ်အား ပြောကြားခဲ့ခြင်းဖြစ်သည်။ တွေ့ဆုံစဉ် Tan သည် လေကြောင်းလိုင်း၏ လက်ရှိလုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ ဝန်ကြီးအား ရှင်းလင်းတင်ပြခဲ့ပြီး ကမ္ဘောဒီးယားတွင် လာမည့်လုပ်ငန်းဆောင်ရွက်မှုများအတွက် ပူးပေါင်း ဆောင်ရွက်မှု၊ ပံ့ပိုးကူညီမှုနှင့် မဟာဗျူဟာလမ်းညွှန်မှုများကို တောင်းခံခဲ့သည်။ ဝန်ကြီး Huot Hak က Etihad Airways အား ကမ္ဘောဒီးယား၏ ကြီးထွားလာနေသော ခရီးသွားလာရေး အလား အလာကို အသိအမှတ်ပြုသည့်အတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ သည်။  ဝန်ကြီးက လေကြောင်း ချိတ်ဆက်မှုအသစ်သည် ကမ္ဘောဒီးယားကို ကမ္ဘာလုံးဆိုင်ရာ ခရီးစဉ်များနှင့် ချိတ်ဆက်ကာ နိုင်ငံ၏ခရီးသွားကဏ္ဍကို ပိုမိုမြှင့်တင်ရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်မည်ဖြစ်ကြောင်း အလေးပေးပြောကြားခဲ့သည်။

DOCA(ရန်ကုန်)