Techo အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ နောက်ထပ်လေကြောင်းလိုင်းများ ပြေးဆွဲရန် စတင်ဆောင်ရွက်

Powered by Drupal

   ကမ္ဘောဒီးယားနိုင်ငံ၏ ခေတ်မီဆုံနှင့် အကြီးဆုံးလေဆိပ်ဖြစ်သည့် Techo International Airport (KTI) သည် ၎င်း၏ လေကြောင်းလိုင်းအသစ်များကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလတွင် လမ်းကြောင်းသစ်တစ်ခုစတင် ပြေးဆွဲနိုင်ရန်စီစဉ်ထားသည်။ ကမ္ဘောဒီးယားနိုင်ငံ၏  လေဆိပ် အသစ်သို့ ပျံသန်းပြေးဆွဲရန် နောက်ထပ် လေကြောင်းလိုင်း ၂ လိုင်းရှိကြောင်း ကမ္ဘောဒီးယား နိုင်ငံ၊ လေကြောင်းပို့ဆောင်ရေး အတွင်းရေးမှူး SSCA ပြောရေးဆိုခွင့်ရှိသူ Sinn Chanserey Vutha က ၁၄-၉-၂၀၂၅ ရက်နေ့တွင် ပြောကြားခဲ့သည်။ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလတွင် ကမ္ဘောဒီးယားသို့ ပျံသန်းမှုတိုးချဲ့မည့် လေကြောင်းလိုင်းနှစ်ခုသည် တူရကီလေကြောင်းလိုင်းနဲ့ Etihad Airways တို့ဖြစ်ကြောင်း Vutha က ပြောကြားခဲ့သည်။ အဆိုပါ လေကြောင်းလိုင်း အသစ်များနှင့်ပတ်သက်၍ Etihad Airways သည် ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၃ ရက်နေ့မှ စတင်၍ Abu Dhabi မှ Cambodia's KTI သို့ တိုက်ရိုက်ပျံသန်းမှု စတင်မည့် ၎င်း၏ လုပ်ငန်းအချိန်ဇယားကို ထုတ်ပြန်ထားသည်။ လေကြောင်းလိုင်းအသစ်များ တိုးလာခြင်းသည် ကမ္ဘောဒီးယားနိုင်ငံတွင် နှစ်စဉ်ခရီးသည် ၁၃ သန်းခန့်နှင့် ပိုမိုများပြားလာစေရန်နှင့် လေဆိပ်၏ တိုးတက်မှုအတွက် အပြုသဘောဆောင်သော ညွှန်ပြချက်တစ်ခုဖြစ်ကြောင်း Vutha  က ဆက်လက်ပြောကြားခဲ့သည်။

DOCA(ရန်ကုန်)