
မအူပင်မြို့နယ်တွင် ရောင်းချနေသော ဘိလပ်မြေ ဈေးနှုန်း စက်တင်ဘာလ ၁၅ရက်နေ့တွင် အနည်းငယ်မြင့်တက်လာကြောင်း သိရသည်။ ရောင်းချနေသော ဘိလပ်မြေဈေးနှုန်းများမှာ အယ်လဖာ ၁အိတ် ၂၃၅၀၀ကျပ်၊ ကြံနီ ၁အိတ် ၂၃၅၀၀ကျပ်၊ အပါချီ ၁အိတ် ၂၁၅၀၀ကျပ်၊ Yojin ၁အိတ် ၂၃၀၀၀ကျပ်၊ အုတ် ၁ခဲ ၃၅၀ကျပ်၊ မြစ်သဒ ၁ကျင်း ၁၂၀၀၀ကျပ်၊ ကျောက်စရစ် ၁ကျင်း ၁၇၀၀၀၀ကျပ်၊ ၆မူးသံချောင်း ၁တန် ၁၈၀၀၀၀၀ကျပ်၊ ၅မူးသံချောင်း ၁တန် ၁၆၅၀၀၀၀ကျပ်၊ ၃မူးသံချောင်း ၁တန် ၁၄၀၀၀၀၀ကျပ် ဖြင့် အရောင်းအဝယ်ဖြစ်နေပြီး ဘိလပ်မြေဈေးယခင်းဈေးနှင့် နှိုင်းယှဉ်ပါက ၄၅၀၀ကျပ် မြင့်တက်လာကြောင်း ကျန်ပစ္စည်းများမှာ တည်ငြိမ်လျက်ရှိကြောင်းနှင့် ဈေးမြင့်တက်လာရခြင်းမှာ ရန်ကုန်အထိုင်ဈေးမြင့်တက် လာမှုကြောင့် မြို့နယ်အတွင်း ဈေးအနည်းငယ်မြင့်တက်လာခြင်းဖြစ်ကြောင်း အရောင်းဆိုင်များမှ သိရသည်။
DOCA(ဧရာဝတီ)