ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော ငရုတ်သီးစိမ်း ဈေးနှုန်း

Powered by Drupal

    ကျွန်းလှမြို့တွင် စိုက်ပျိုးရေးလုပ်ငန်းကို တစ်ပိုင်တစ်နိုင်အနေဖြင့် စိုက်ပျိုးကြရာတွင် စားဖိုဆောင် သီးနှံများဖြစ်သည့် ကန်ဇွန်း၊ ချဉ်ပေါင်၊ ကြက်ဟင်းခါး၊ ခဝဲ၊ ခဆော့သီး၊ ကင်းမုံသီး၊ ပဲတောင့်ရှည်သီး ၊ ရုံးပတီသီး နှင့် သခွားသီး စသည်တို့ကို စိုက်ပျိုးသည့်အနက် ငရုတ်သီးစိမ်းများဖြစ်သည့် မိုးထော်ငရုတ် (ကျောက်စိမ်းမျိုး)နှင့် ကုလားအော် ငရုတ်သီးစိမ်း တို့ကိုပါ စိုက်ပျိုးရောင်းချကြပါသည်။

    ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ တတိယပတ်တွင်း ကျွန်းလှမြို့၌ ဖြစ်ပေါ်နေသော ငရုတ်သီးစိမ်း ဈေးနှုန်း အနေဖြင့် မိုးထော်ငရုတ်(ကျောက်စိမ်းသီး) တစ်ပိဿာလျှင်(၃၅၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၈၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင်(၁၀၀၀)ကျပ်၊ ကုလားအော် ငရုတ်သီးစိမ်း တစ်ပြည်လျှင်(၁၀၀၀၀) ကျပ်၊ နို့ဆီ တစ်ဘူးလျှင်(၁၃၀၀)ကျပ်နှင့် ကုလားအော် ငရုတ်သီးစိမ်း တစ်ပုံလျှင်(၃၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်း အဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)