တစ်နှစ်မှာနှစ်ကြိမ်ထိုးရုံနဲ့ ရာနှုန်းပြည့်နီးပါးထိရောက်တဲ့ ကမ္ဘာ့ပထမဆုံး HIV ကာကွယ်ဆေး

Powered by Drupal

ကုရာနတ္ထိဆေးမရှိဆိုတဲ့စကား ဟာ တစ်ခေတ်တစ်ခါတုန်းက သိပ်ကိုကြောက်ဖို့ ကောင်းတဲ့ စကားပေါ့။ ဘာကြောင့်လဲဆိုရင် HIV ဗိုင်းရပ်ကူးစက်ခံရပြီဆိုရင်   နောက်ဆက်တွဲ အနေနဲ့ဖြစ်ပေါ်လာတဲ့ AIDS ရောဂါဆိုး ကြီးကိုကုသဖို့အတွက် တကယ်ပဲဆေး မရှိတာပါ။ ပြီးရင် ဘာကြောင့်ကူးစက်လို့ ကူးစက်မှန်းမသိပေမယ့် HIV/AIDS ဆို တာနဲ့ကို လူတချို့ရဲ့ နှာခေါင်းရှုံ့ ခြင်းကို လည်းခံရလေ့ရှိပါတယ်။ အခုတော့ ဒါတွေ ကအတိတ်တွေဖြစ်သွားပါပြီ။

          အရင်တုန်းက ကုရာနတ္ထိဆေးမရှိလို့ဆို ထားရာမှာ အခုထိလည်း AIDS ကိုကုသ ဖို့ဆေးမရှိသေးပါဘူး။ ဒါပေမဲ့ HIV ဗိုင်းရပ် ကူးစက်မှုကို အထိရောက်ဆုံးကာကွယ် ပေးနိုင်မယ့် ကာကွယ်ဆေးတစ်မျိုးထွက် ပေါ်လာပါပြီ။ အဲဒီကာကွယ်ဆေးရဲ့အာနိ သင်ကလည်း တကယ်ကိုထိရောက်မှုရှိတဲ့အတွက် အမေရိကန် အစားအစာနှင့် ဆေးဝါးကွပ်ကဲမှုအဖွဲ့က အဲဒီဆေးကို အများပြည်သူအသုံးပြုနိုင်တယ်ဆိုတဲ့ အတည်ပြု ထောက်ခံချက်ကို ဇွန်လ ၁၈ ရက်မှာထုတ်ပေးလိုက်ပြီပဲဖြစ်ပါတယ်။

          ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီတစ်ခု ဖြစ်တဲ့ Gilead Sciences ကုမ္ပဏီက သူတို့ ထုတ်လုပ်ထားတဲ့ Yeztugo ဆေးကို  PrEP (pre-exposure prophylaxis) အဖြစ် အရွယ်ရောက်ပြီးသူတွေ၊ ခန္ဓာကိုယ် အလေးချိန် ၃၅ ကီလိုဂရမ်အထက်ရှိတဲ့ ဆယ်ကျော်သက် တွေဆီမှာ အသုံးပြုနိုင် တယ်ဆိုတဲ့ခွင့်ပြုချက်ကို အစားအစာနှင့် ဆေးဝါးကွပ်ကဲမှုအဖွဲ့က အတည်ပြုပေး လိုက်ပြီလို့ ထုတ်ပြန်လာပါတယ်။

          အခုလိုမျိုး  အစားအစာနှင့်ဆေးဝါးကွပ်ကဲမှုအဖွဲ့ရဲ့ အတည်ပြုချက်ရရှိနိုင်စေဖို့ အတွက် Gilead Sciences ကုမ္ပဏီက အဆင့် ၃ အကြီးစားလက်တွေ့စမ်းသပ်မှု ကိုလုပ်ဆောင်ခဲ့ ရပါတယ်။ ပထမ စမ်းသပ် မှုမှာ အာဖရိကဒေသမှာရှိတဲ့ အမျိုးသမီး ငယ်နဲ့မိန်းကလေး ၅၃၀၀ ကျော်ကို စမ်း သပ်ကာကွယ် ဆေးထိုးပေးခဲ့ရာ သူတို့ထဲ ကတစ်ဦးတစ်ယောက်ကမှ HIV ဗိုင်းရပ် ကူးစက်မှုမခံခဲ့ရပါဘူး။ ဒုတိယ စမ်းသပ် မှုကိုတော့ အမေရိကန်နဲ့ HIV ဗိုင်းရပ်ကူးစက်နိုင်ခြေ အများဆုံးနိုင်ငံများမှာရှိတဲ့ လိင်တူချစ်သူ အမျိုးသားများနဲ့ လိင်ပြောင်းထားသူများစုစုပေါင်း ၂၁၇၉ ဦးကို စမ်းသပ် ကာကွယ် ဆေးတွေထိုး ပေးခဲ့ပါတယ်။ အဲဒီ မှာတော့ နှစ်ဦးကသာ HIV ဗိုင်းရပ်ကူးစက်ခံရတဲ့အတွက် ကာကွယ်ဆေးရဲ့ ထိရောက်အောင်မြင်မှုက  ၉၉  ဒသမ ၉ ရာခိုင် နှုန်းအထိ  ရှိတာကိုတွေ့ရပါတယ်။ ပြောရ မယ်ဆိုရင် HIV ဗိုင်းရပ်ကူးစက်မှုကို ထိရောက်စွာကာကွယ်နိုင်ဖို့ နှစ်ပေါင်းများစွာ ကြိုးစားမှု အတွက် သမိုင်းဝင် အောင်မြင်မှု နေ့ပင်ဖြစ်ပါတယ်။           

DOCA (ဧရာဝတီ)