မုံရွာမြို့တွင် ဆိုင်ကယ်အသစ်များ ဝင်ရောက်မှုမရှိဘဲ အရောင်းကျဆင်းနေကြောင်း သိရ

Powered by Drupal

          စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ ဆိုင်ကယ်ဈေးကွက်မှာ အသစ်လုံးဝ မဝင်တော့ဘဲ အဟောင်းများဈေးတက်ပြီး ရောင်းအားကျဆင်းနေကြောင်း  ဆိုင်ကယ်အရောင်းအဝယ် လုပ်ကိုင်သူ တွေထံမှ သိရပါတယ်။

         လက်ရှိမှာတော့ ကြိုက်ရောင်း၊ ကြိုက်ဝယ်ပုံစံမျိုးဖြစ်နေပြီး အရင်က တစ်နေ့ကို (၁၀)စီးခန့် ရောင်းရတဲ့ ဆိုင်ကယ်တွေက အခုအခါမှာတော့ တစ်နေ့တစ်စီးနှုန်း ရောင်းထွက်ဖို့တောင် ခက်ခဲနေကြောင်း၊ ဈေးနှုန်းတွေကလည်း ယခင်က (၁၂)သိန်းဝန်းကျင်ရှိတဲ့ Honda အမျိုးအစား ဆိုင်ကယ်တစ်စီးကို ယခု(၁၅)သိန်းနဲ့ အရောင်းအဝယ်ဖြစ်ပြီး  (၁၅)သိန်း ဝန်းကျင်ရှိတဲ့  Scoopy အမျိုးအစား ဆိုင်ကယ်တွေကလည်း သိန်း(၃၀) လောက်အထိ ဈေးပေါက်နေတယ်လို့ ဆိုပါတယ်။ အရင်ကနယ်က ဝယ်လက်တွေက မုံရွာမြို့ပေါ်ကို လာဝယ်ကြတာရှိပေမယ့် အခုလက်ရှိမှာတော့ နယ်ဝယ်လက် လုံးဝမရှိတော့ကြောင်း ဆိုင်ကယ်အရောင်းအဝယ်လုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။

DOCA(စစ်ကိုင်း)