
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၌ ကွမ်းသီးပင်များကို နေအိမ်ခြံဝင်းများ၌ မိသားစု အပိုဝင်ငွေရရှိသည့်အတွက် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြကြောင်း ၊ ကွမ်းသီးများကို ကန့်ဘလူခရိုင် အတွင်းမှလည်းကောင်း၊ ဘိတ်ဒေသမှလည်းကောင်းဝယ်ယူပြီး ကွမ်းသီးစိတ်များပြုလုပ်၍ ပြန်လည် ရောင်းချကြောင်း သိရသည်။
၂၀၂၅ ခုနှစ် ၊ စက်တင်ဘာလ တတိယပတ်အတွင်း ကန့်ဘလူမြို့နယ်၏ ကွမ်းသီးစိတ် ဈေးနှုန်းများမှာ ကွမ်းသီးစိတ်(ရှယ်)တစ်ပိဿာလျှင် (၄၀၀၀၀)ကျပ်၊ အလတ်စ(၁)ပိဿာလျှင် (၃၅၀၀၀)ကျပ်၊ အညံ့(၁)ပိဿာလျှင် (၁၆၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်အပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုလတတိယပတ်အတွင်း ကွမ်းသီးစိတ်(၁) ပိဿာလျှင် (၂၀၀၀)ကျပ်ဈေးနှုန်းမြင့်တက်လာကြောင်း၊ ဈေးကွက်အနေဖြင့် ကန့်ဘလူမြို့ပေါ်ရှိ ဆိုင်များနှင့် ကျွန်းလှမြို့နယ်သို့ လက်လီ/လက္ကားရောင်းချလျက်ရှိကြောင်း ကွမ်းသီးစိတ်ရောင်းဝယ်ရေး လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)
