နွားထိုးကြီးမြို့၏ပဲလွမ်းစိုက်ပျိုးထားရှိမှုနှင့်ဈေးနှုန်း

Powered by Drupal

   နွားထိုးကြီးမြို့နယ်သည် ပြောင်းပြာဆည်ရှိပြီး မိုးကောင်းသောက်ယာမြေများတွင် ပဲမျိုးစုံ၊ ပြောင်း၊ မြေပဲနှင့် နှမ်းသီးနှံများ စိုက်ပျိုးထားသည့်အနက် ပဲလွမ်းသီးနှံကို လည်းစိုက်ပျိုးထားကြောင်း၊ မိုးပဲလွမ်းသီးနှံ စိုက်ပျိုးချိန်မှာ ပဲလွမ်းသီးနှံအား အရောင်ကိုလိုက်၍ ပဲလွမ်းဖြူ၊ ပဲလွမ်းနီ၊ ပဲစာဥဟုခေါ်ကြကြောင်း၊ ပဲလွမ်းသည် ရေငတ်ဒဏ်နှင့် မြင့်မားသောအပူချိန်ကိုခံနိုင်သည့် ပဲတစ် မျိုးဖြစ်ကြောင်း၊ စိုက်ပျိုးချိန်မှာ ဇူလိုင်လမှစ၍ အောက်တိုဘာလအထိစိုက်ပျိုးကြပြီး၊ ရိတ်သိမ်း ချိန်မှာ ဒီဇင်ဘာလမှစ၍   ဇန်နဝါရီ လအထိ ရိတ်သိမ်းထွက်ပေါ်မည် ဖြစ်ကြောင်း သိရှိရသည်။ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် နွားထိုးကြီးမြို့နယ်၌ ပဲလွမ်းစီမံကိန်းသီးနှံ အဖြစ် (၂၂၉၅) ဧကလျာထား ချက်အပေါ်(၅၈၂)ဧကစိုက်ပျိုးပြီးစီးကြောင်းနှင့် ဆက်လက်စိုက်ပျိုးရန်ကျန်ရှိသော ဧကများအား အောက်တိုဘာလအထိ လျာထားချက်ပြည့်မှီအောင်  စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်ကြေး တိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရှိရသည်။  တောင်သူများ အနေဖြင့် ပဲလွမ်း သီးနှံအား ရေဆင်း-၁မျိုးနှင့် ရေဆင်း-(၂) မျိုးကိုစိုက်ပျိုး ထားရှိကြောင်း၊ ပဲလွမ်းသီးနှံ စိုက်ပျိုးထားရှိမှုကို တန်းကြားစနစ်ဖြင့် နှံစားပြောင်း၊ ဝါသီးနှံတို့ဖြင့် စိုက်ပျိုးထားရှိကြောင်း သိရှိရသည်။ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလတတိယပတ်တွင် နွားထိုးကြီးမြို့နယ်ရှိပွဲရုံများ၌ ပဲလွမ်း (ဟောင်း)တစ်တင်းလျှင် (၆၃၀၀၀) ကျပ်ခန့်ပေါက်ဈေးများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရ သည်။

DOCA(မန္တလေး)