သာစည်မြို့နယ်ရှိဝါစိုက်ခင်းများ သွားရောက်ကြည့်ရှု

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် သာစည်မြို့နယ်တာဝန်ခံနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ ကွင်းတာဝန်ခံတို့သည် (    .၉.၂၀၂၅)ရက်နေ့တွင် သာစည်မြို့နယ်၊ တောခင်း ကျေးရွာရှိ ဝါခင်း(ခံစိုက်ကွက်)များသို့ သွားရောက်လေ့လာခဲ့ရာ သာစည်မြို့နယ်တွင် မိုးနှောင်း ဝါ(၁၉၆)ဧကလျာထားသော်လည်း ဧက(၃၀၀)စိုက်ပျိုးထားရှိကြောင်း၊ရွှေတောင် (၈)မျိုးအား စိုက်ပျိုး ပါက တစ်ဧကကုန်ကျစရိတ်မှာ(၇၀၀၀၀၀)ကျပ်ခန့်ကုန်ကြကောင်း၊ တစ်ဧကအထွက်နှုန်းမှာ ယခင် နှစ်ကပျမ်းမျှ(၃၅၀/၄၀၀)ပိဿာထွက်ရှိကြောင်း၊ အထွက်နှုန်းကောင်းမွန်ပါက (၆၀၀) ပိဿာထိထွက် ရှိကြောင်း၊ ဝါပေါက်တစ်ပိဿာလျှင်(၃၂၀၀/၃၃၀၀)ကျပ်၊ ဝါခွေမှာ(၁၉၀၀/ ၂၂၀၀)ကျပ်ဈေရကြောင်း၊ လက်ရှိဝါဂွမ်းမှာ တစ်ပိဿာ(၉၀၀၀)ကျပ်ခန့်ဈေးပေါက်လျက်ရှိကြောင်း၊ တစ်ဧကအကျိုးအမြတ် အနေဖြင့် (၅၀၀၀၀၀/၆၀၀၀၀၀)ကျပ်ရရှိနိုင်ကြောင်း၊ နိုဝင်ဘာလတွင် စတင်ကောက်ယူနိုင်မည်ဖြစ်ကြောင်း ဝါစိုက်တောင်သူများထံမှသိရသည်။

DOCA(မန္တလေး)