မိတ္ထီလာမြို့ဘဲကန်ဈေး(ကုန်စိမ်းဈေး)ရှိ ပဲစိမ်းဈေးကွက်

Powered by Drupal

     မိတ္ထီလာမြို့ရှိ ကုန်စိမ်းလက္ကားရောင်းဝယ်နေသည့် ဘဲကန်ဈေး(၈)နာရီဈေးတွင် ထောပတ်ပဲ ၊ ပဲလိပ်ပြာပဲတို့မှာ ဈေးကွက်သို့ နေ့စဉ်ပုံမှန်ဝင်ရောက်မှုရှိသလို ပုံမှန်ရောင်းချရကြောင်းသိရပါသည်။ မိတ္ထီလာမြို့ရှိ ဘဲကန်ဈေးမှာ ကုန်စိမ်းလက္ကားဈေးကြီးဖြစ်ပြီး ဘဲကန်ဈေးမှတဆင့် မြို့ပေါ်ဈေးများ ၊ လက္ကား/လက်လီဝယ်ယူသူများ ၊ မလှိုင်မြို့နယ်ရှိဈေးများသို့ရောင်းချကြပါသည်။ ထောပတ်ပဲ ၊ ပဲလိပ်ပြာပဲ တို့မှာဒေသတွင်းစိုက်ပျိုးထွက်ရှိချိန်မှသာ မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးရွာများမှ လာရောက်ရောင်းချကြပြီး ၊ တစ်နှစ်လုံးဈေးကွက်အတွင်းတွေ့ရသည့် ထောပတ်ပဲစိမ်းကို ယခုအခါ ပြင်ဦးလွင်မှ တစ်ရက်လျှင် ကုန်ချိန်(၁၀၀)ပိဿာ ၊ ပဲလိပ်ပြာစိမ်းကို တောင်ကြီးမှ တစ်ရက်လျှင် ကုန်ချိန်ပိဿာ(၂၀၀/၃၀၀)အတွင်းဝင်ရောက်ကာ အဝင်ရှိသည့်ပမာဏမှာ နေ့စဉ်ရောင်းချရကြောင်း သိရပါသည်။

   ဈေးနှုန်းအနေဖြင့် လက္ကာ တစ်ပိဿာလျှင် ထောပတ်ပဲစိမ်း(အခွံပါ)(၃၅၀၀-၄၀၀၀)ကျပ် ၊ ပဲလိပ်ပြာ(အခွံပါ)(၂၀၀၀-၂၅၀၀)ကျပ် ဈေးရှိပြီး ၊ လက်လီထောပတ်ပဲစိမ်း ၊ ပဲလိပ်ပြာပဲစိမ်းနို့ဆီဗူး တစ်ဗူး (၁၀၀၀-၁၅၀၀)ကျပ် ဈေးရှိကြောင်း ၊ ဈေးကွက်အတွင်း အဝင်ပုံမှန်ရှိသည့်အတွက် ဈေးငြိမ်နေကြောင်း ဈေးကွက်မှစုံစမ်းသိရပါသည်

DOCA(မန္တလေး)