အင်ဒိုနီးရှား၏ Bulog က ဆန်လက်ကျန်တည်ငြိမ်နေပြီး လက်လီဆိုင်များတွင် ရှားပါးမှုမရှိ ကြောင်း ပြောကြား

Powered by Drupal

  အင်ဒိုနီးရှား၏ နိုင်ငံပိုင်ထောက်ပံ့ပို့ဆောင်ရေးအေဂျင်စီ (Bulog) က ခေတ်မီလက်လီဆိုင် များတွင် ဆန်ရှားပါးမှုမရှိပဲ Food Supply and Price Stabilization (SPUP) ဆန်နှင့် အရည် အသွေးမြင့်ဆန်အမှတ်တံဆိပ်များမှာ နိုင်ငံတစ်ဝှမ်းဝယ်ယူရရှိနိုင်နေကြောင်း ပြောကြားခဲ့ပါ သည်။ Bulog ဥက္ကဌ Almad Rizal Ramdhani က ဂျကာတာမြို့ ရှိ Alfamart ၊ Indomaret နှင့် Grand Lucky စတိုးဆိုင်များအား စက်တင်ဘာလ ၁၄ ရက်နေ့က စုံစမ်းစစ်ဆေးချက်အရ ဖြန့်ဖြူး မှုများကောင်းမွန်နေပြီး ကုန်လက်ကျန်ကိုလည်း ကောင်းမွန်စွာထိမ်းသိန်းထားနိုင်ကြောင်းနှင့် အစိုးရသည် SPHP ဆန်နှင့် အရည်အသွေးမြင့်ဆန်များကို ဂျကာတာနှင့် ဂျာဗား၊ ဆူမားတရား၊ ဘာလီ၊ ဆူလာဝေစီ၊ မာလုကု၊ ပါပါအူနှင့် နူဆာတန်ဂါရာအရှေ့ပိုင်းရှိ လက်လီရောင်းချသူများ အား တည်ငြိမ်စွာဖြန့်ဖြူး‌ပေးနေကြောင်း ပြောကြားခဲ့ပါသည်။ SPHP ဆန်ကို ၅ ကီလိုဂရမ်လျှင် ရူပီး ၆၂၅၀၀ ဖြင့်ရောင်းချနေပြီး အရည်အသွေးမြင့်ဆန်များကို ၅ ကီလိုဂရမ်လျှင် ရူပီး ၇၄၅၀၀ ဖြင့် ရောင်းချနေကြောင်း သိရပါသည်။ Rizar က ထိုအချက်က ဆန်ရောင်းချမှုတည်ငြိမ်ရေးတွင် အစိုးရ၏ အားကောင်းသောပံ့ပိုးမှုကိုပြသနေကြောင်းနှင့် ထိုသို့ဝယ်ယူရရှိနိုင်သောကြောင့်  ဆန်ရှားပါးမှုနှင့်ပတ်သတ်၍ စိုးရိမ်မှုများကို ဖြေရှင်းပြီးဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ စက်တင် ဘာလအစောပိုင်းကာလတွင် Bulog သည် SPHP ဆန်တန်ချိန် ၄၀၀၀၀၀ ကို အစဉ်အလာဈေး များနှင့် လက်လီဆိုင်များအား ဖြန့်ဖြူးခဲ့ကြောင်း သိရပါသည်။ အေဂျင်စီကလည်း ၎င်းတို့သည် ဆန်များကို အများပြည်သူထံရောက်ရှိနိုင်ရန်အတွက်သိုလှောင်ရုံများ၊ ဈေးကွက်များနှင့် လက်လီ ရောင်းချသူများထံ ဆက်လက်စုံစမ်းသွားမည်ဟု ပြောကြားခဲ့ပါသည်။

DOCA (ရန်ကုန်)