ဈေးကောင်းရလျှက်ရှိတဲ့ ပြည်စားတော်ပဲ

Powered by Drupal

       ပြည်ပဲဈေးကွက်၏  လက်လီရောင်းဝယ်မှုအဖြစ်များသော ပဲများထဲတွင် စားတော်ပဲ သီးနှံမှာ ဈေးအမြင့်ဆုံးနှင့်  စံချိန်တင် ဈေးကောင်းရနေသော  သီးနှံတစ်မျိုးဖြစ်ပါသည်။ စားတော်ပဲ သီးနှံ သည်  နှစ်စဉ်ဈေးကောင်းရသော်လည်း ယခုနှစ်တွင် ပဲတစ်တင်း ကျပ် တစ်သိန်းကျော်ထိ မြင့်တက် ခဲ့သလို ယခုစက်တင်ဘာလအတွင်း ပိဿာ ၂၀တစ်တင်းလျှင် ၁၃၅၀၀ကျပ်ဖြင့် လက်လီ သမား ဝယ်ယူမှုဖြင့် တစ်ရက် အိတ် ၂၀ကျော်ရောင်းချမှုရှိခဲ့ကြောင်း သိရှိရပါသည်။  ယခင်နှစ်ကလည်း ပဲဈေးကွက်တွင်  ဈေးအမြင့်ဆုံးရခဲ့သော်လည်း တစ်တင်း ၇သောင်းကျပ်သာ ရရှိခဲ့သည့်အတွက် ယခုနှစ်တွင် ပဲဈေးနှုန်းမှာ တစ်တင်းကျပ် ၆သောင်းကျော်အထိ ထပ်မံမြင့်တက်ခဲ့ကြောင်း လေ့လာ သိရှိရပါသည်။

DOCA(ပဲခူး)