
ထိုင်းနိုင်ငံသည် အမေရိကန်ဒေါ်လာ ၂.၆၇ ဘီလီယံ (ဘတ် ၈၅.၀၃ ဘီလီယံခန့်) တန်ကြေး ရှိသော ခွေးစာနှင့် ကြောင်စာတင်ပို့မှုနှင့်အတူ ကမ္ဘာ့စျေးကွက်တွင် ၂၉ ရာခိုင်နှုန်းခန့် တိုးတက် လျက်ရှိကာ ကမ္ဘာ့ဒုတိယအကြီးဆုံး တိရိစ္ဆာန်အစာ တင်ပို့သည့်နိုင်ငံဖြစ်လာကြောင်း သိရပါသည်။ ကုန်သွယ်ရေးမူဝါဒနှင့် စာရင်းအင်းဦးစီးဌာန (TPSO) မှ ညွှန်ကြားရေးမှူးချုပ်ဆိုသူ Poonpong Naiyanapakorn က ထိုင်းနိုင်ငံ၏ တိရိစ္ဆာန်အစာ တင်ပို့မှုသည် တစ်နှစ်ထက်တစ်နှစ် ၂၉ ရာခိုင်နှုန်းခန့် တိုးတက်ခဲ့ပြီး ထိုင်းနိုင်ငံအား ကမ္ညာ့ဒုတိယအကြီးဆုံးတင်ပို့သူအဖြစ် ရောက်ရှိ စေခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ အမေရိကန်နိုင်ငံသည် ဒေါ်လာ ၂.၅၂ ဘီလီယံတန်ကြေး ရှိသော ရှယ်ယာ ၉.၄ ရာခိုင်နှုန်းနှင့်အတူ ကမ္ဘာ့စျေးကွက်တွင် ဦးဆောင်ရပ်တည်လျက်ရှိပြီး ပိုလန်နိုင်ငံသည် အမေရိကန်ဒေါ်လာ ၂.၄၀ ဘီလီယံခန့်၊ ရှယ်ယာ ၉ ရာခိုင်နှုန်းကိုင်ဆောင်ထား ပြီး ပြင်သစ်နိုင်ငံသည် အမေရိကန်ဒေါ်လာ ၂.၃၀ ဘီလီယံခန့်၊ ရှယ်ယာ ၈.၆ ရာခိုင်နှုန်း ကိုင်ဆောင်ထားကြောင်း သိရပါသည်။ ၂၀၂၄ ခုနှစ်တွင် ကမ္ဘာ့တိရိစ္ဆာန်အစာ တင်သွင်းမှုစျေး ကွက်သည် တန်ကြေး အမေရိကန်ဒေါ်လာ ၂၆.၄၆ ဘီလီယံခန့်တန်ကြေးရှိပါသည်။ ထိပ်သီး တင်သွင်း၅ နိုင်ငံမှာ ဂျာမနီနိုင်ငံမှ အမေရိကန်ဒေါ်လာ၂.၄၃ ဘီလီယံခန့်၊ အမေရိကန်နိုင်ငံမှ အမေရိကန်ဒေါ်လာ ၂.၂၁ ဘီလီယံခန့်၊ ဗြိတိန်နိုင်ငံမှ အမေရိကန်ဒေါ်လာ ၁.၇၆ ဘီလီယံခန့်၊ ပိုလန်နိုင်ငံမှ အမေရိကန် ဒေါ်လာ ၁.၅၃ ဘီလီယံခန့်၊ ကနေဒါနိုင်ငံမှ အမေရိကန်ဒေါ်လာ ၁.၃၇ ဘီလီယံခန့် တင်သွင်းလျက် ရှိကြောင်း သိရပါသည်။ Poonpong က ထိုင်းနိုင်ငံ၏ ယှဥ်ပြိုင်နိုင်မှုသည် အရည်အသွေးနှင့် အပြည်ပြည်ဆိုင်ရာစံနှုန်းများ အပေါ် မူတည်နေကြောင်း မှတ်ချက်ပြုခဲ့ပါသည်။ ၎င်းက သုံးစွဲသူ များသည် တိရိစ္ဆာန်များ၏ ကျန်းမာရေးနှင့် အာဟာရ ဓာတ်အတွက် အလေးထားထုတ်လုပ်ထားသော အဆင့်မြင့်တင်သွင်းကုန်များကိုသာ ရွေးချယ် ဝယ်ယူကြောင်း ပြောကြားခဲ့ပါသည်။ ထိုင်းနိုင်ငံမှ ထုတ်လုပ်သူများသည် တိရိစ္ဆာန်လေးများ၏ ကျန်းမာရေးဦးစာပေးနှင့် ဗီတာမင်ဓာတ်များ ကြွယ်ဝစွာရရှိစေရန်ပြုလုပ်ထားသော အစာများ ကိုသာ အလေးထားထုတ်လုပ်လျက်ရှိကြောင်း သိရပါသည်။ အသုံးပြုရလွယ်ကူသော ထုတ်ပိုးမှု နှင့် ရေရှည်ခိုင်မြဲသောထုတ်လုပ်မှုများသည် ထိုင်းနိုင်ငံအား အမေရိကန်နိုင်ငံ၊ ဥရောပနိုင်ငံများ၊ တရုတ်၊ ဂျပန်နိုင်ငံများကဲ့သို့သော အရှေ့အလယ်ပိုင်းနှင့် အရှေ့ဥရောပစျေးကွက်များအကြား ယှဥ်ပြိုင်မှုတွင် ပိုမိုအားသာစေနိုင်ကြောင်း သိရပါသည်။ ထိုင်းနိုင်ငံသည် ၂၀၂၅ ခုနှစ်၊ ပထမ ၇ လအတွင်းတွင် အမေရိကန်ဒေါ်လာ ၁.၆၈ ဘီလီယံခန့်တန်ကြေးရှိသော တိရိစ္ဆာန်အစားအစာများ ကို တင်ပို့လျက်ရှိပြီး ယခင်နှစ်ကာလထက် ၁၀.၇ ရာခိုင်နှုန်း တိုးတက်လာကြောင်း သိရပါသည်။ သို့ရာတွင် ပြည်တွင်းလိုအပ်ချက်များတွင် အခက်အခဲများရှိနေပြီး Poonpong က ထိုင်းတင် ပို့သူများသည် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးရန်အတွက် ပြည်တွင်းကုန်ကြမ်း များကို ပိုမိုအသုံးပြုသင့်ကြောင်းနှင့် တိရိစ္ဆာန်ကျန်းမာရေး ဦးစားပေးထုတ်ကုန်များကို ပိုမိုဆန်းသစ်တီထွင်သင့်ကြောင်း အလေးပေးပြောကြားခဲ့ပါသည်။
Source: Nation Thailand
DOCA (ရန်ကုန်)