
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် အိန္ဒိယနိုင်ငံသို့ ငါးသလောက်ငါးတန်ချိန် ၃၇.၄၆ တန်ချိန်ခန့် တင်ပို့ခဲ့ကြောင်း သိရပါသည်။ အဆိုပါငါးသလောက်များကို အကောက်ခွန်နှင့် သန့်ရှင်းရေး စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် Benapole ဆိပ်ကမ်းမှတစ်ဆင့် ပို့ဆောင်ခဲ့ကြောင်း ငါးလုပ်ငန်း ဦးစီးဌာနမှ အရာရှိဆိုသူ Sajib Saha က ပြောကြားခဲ့ပါသည်။ တင်ပို့သည့် ငါးအများစု၏ အလေးချိန်သည် ၆၀၀ ဂရမ်မှ ၇၀၀ ဂရမ်အတွင်း ရှိကြောင်း သိရပါသည်။ အစောပိုင်းတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် စက်တင်ဘာလ ၁၆ ရက်နေ့နှင့် အောက်တိုဘာလ ၅ ရက်နေ့အတွင်းတွင် Durga Puja မြို့တော်အတွက် အိန္ဒိယနိုင်ငံသို့ ငါးသလောက်တန်ချိန် ၁၂၀၀ တန်ခန့် တင်ပို့ရန် တင်ပို့သူ ၃၇ ဦးအား အမိန့်ထုတ်ပြန်ခဲ့ကြောင်း သိရပါသည်။ တင်ပို့သည့် ငါးသလောက်များကို တစ်ကီလိုလျှင် ၁၂.၅ ဒေါ်လာဖြင့် ရောင်းချမည် ဖြစ်ကြောင်း သိရပါသည်။ အလေးချိန် ၆၀၀ ဂရမ်မှ ၁ ကီလိုရှိသော ငါးသလောက်များကို အမျိုး အစားသီးသန့်ခွဲထားပြီး ရေခဲများဖြင့် ထိန်းသိမ်းလျက်ရှိကြောင်း သိရပါသည်။ Tanisha လုပ်ငန်းမှ ဝန်ထမ်းဖြစ်သူ Mohammad Babor က ၎င်းတို့အနေဖြင့် စျေးကွက်ထဲတွင် ငါးသလောက် ရရှိမှုကျဆင်းမှုကြောင့် စက်တင်ဘာလ ၁၈ ရက်နေ့အတွက် ငါးသလောက်တန်ချိန် တစ်ဝက်ခန့်သာ တင်ပို့နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
Source: The Daily Star
DOCA (ရန်ကုန်)