
ထောပတ်သီးကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် မန္တလေး တိုင်းဒေသကြီး (ပြင်ဦးလွင်) တို့တွင်အများဆုံးစိုက်ပျိုးကြပြီး ရှမ်းပြည်နယ်(တောင်ပိုင်း) တွင် တောင်ကြီး၊ ဟိုပုံး၊ ညောင်ရွှေ၊ ဆီဆိုင်၊ ကလော၊ ပင်းတယ၊ ရွာငံ၊ ရပ်စောက်၊ ပင်လောင်း၊ဖယ်ခုံ၊ လွိုင်လင်တို့တွင် လည်ကောင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)တွင် လားရှိုး၊ ကွတ်ခိုင်၊ ကျောက်မဲ၊ သီပေါနှင့် နောင်ချို တို့တွင်လည်ကောင်း စိုက်ပျိုးကြကြောင်းသိရသည်။ ထောပတ်သီးများသည် အောက်တိုဘာလတွင် အသီးများစတင်ထွက်ရှိပြီး ထောပတ်ပင်များသည် နှစ်ရှည်သီးနှံပင်များဖြစ် ကာ စစိုက်ပြီး(၃)နှစ်နေမှ စတင်အသီးသီးကြောင်းသိရသည်။ ယခုစျေးကွက်တွင်ရောက်ရှိနေသည့် ထောပတ်သီးမှာပြည်တွင်းစားသုံးသည့် အသီးအမျိုး အစားဖြစ်သည်။ထောပတ်သီးကို ဖျော်ရည်အဖြစ်လည်းသောက်သုံးကြသည်။ လက်ရှိမြန်မာနိုင်ငံ၏ အခြေအနေများကြောင့် ပြည်ပသို့ပို့ရန် ခက်ခဲနေသော်လည်း ပြည်တွင်းဝယ်လိုအား ကောင်းနေသေး သည့်အတွက် ထောပတ်သီးစျေးကွက်ထိခိုက်မှုမရှိ နိုင်ကြောင်းသိရသည်။ လက်ရှိပြည်တွင်း၌ စားသုံးမှုများမြင့်တက်ကာအရောင်းအဝယ်လည်း ဖြစ်နေကြောင်းသိရသည်။ ပြည်တွင်း၌ ထောပတ်သီးတစ်ကီလိုလျှင် ခြံထွက်စျေး ၄,၀၀၀ အထိရှိပြီး လက်လီစျေး တစ်ကီလိုလျှင် ၇,၀၀၀ အထိရောင်းချလျက်ရှိကြောင်းသိရသည်။ ပြည်ပသို့တင်ပို့ရန်စိုက်ပျိုးသည့် အသီးအားပြည်ပအပြင် ပြည်တွင်းမှ စားသုံးသူများ ကြိုက်နှစ်သက်ကြသည့်အတွက်နောက်ပိုင်းစျေးကွက်ကောင်းလာ နိုင်ကြောင်းသိရပြီးခဲ့သည့်နှစ် ထက် အရောင်းအဝယ်မကျနိုင်ကြောင်း သုံးသပ်ကြသည်။ ပြည်တွင်း၌ အထွက်နှုန်းကောင်းသော်လည်း အရည်အသွေးကောင်းမွန်သည့် အသီးနည်းပါးသောကြောင့် အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားနိုင်ငံမှ မျိုးစပ်ဖြစ်သည့် Hass အမျိုးအစားကို တင်သွင်း၍ စိုက်ပျိုးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ထောပတ်သီးများသည် အောက်တိုဘာလတွင် အသီးများ စတင်ထွက်ရှိပြီးထောပတ်ပင်များသည် နှစ်ရှည်သီးနှံပင်များဖြစ်ကာ စစိုက်ပြီး(၃)နှစ်နေမှ စတင် အသီးသီးကြောင်းသိရသည်။
DOCA(မန္တလေး)