ဖိလစ်ပိုင်မှ ဆန်တင်သွင်းမှု ယာယီရပ်ဆိုင်းခဲ့ပြီးနောက် ဂါနာနိုင်ငံသည် စက်တင်ဘာလ
တွင် ဗီယက်နမ်၏ ဆန်အများဆုံးဝယ်ယူသူဖြစ်လာပြီး စုစုပေါင်းတင်ပို့မှု၏ ၂၂ ရာခိုင်နှုန်းနီးပါး ရှိလာသည်။
ဗီယက်နမ်နိုင်ငံသည် ယခုနှစ်ပထမကိုးလအတွင်း ဆန်တန်ချိန် ၆ ဒသမ ၈၃ သန်း တင်ပို့ပြီး ဝင်ငွေ အမေရိကန်ဒေါ်လာ ၃ ဒသမ ၄၉ ဘီလီယံရရှိခဲ့ရာ ယခင်နှစ် အလားတူကာလတင်ပို့မှုနှင့် နှိုင်းယှဉ်ပါက ပမာဏအားဖြင့် ၂ ဒသမ ၀၅ ရာခိုင်နှုန်းနှင့် တန်ဖိုးအားဖြင့် ၁၉ ဒသမ ၉၈ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ စက်တင်ဘာလ တစ်လတည်းတွင်ပင် ဗီယက်နမ်သည် အမေရိကန်ဒေါ်လာ ၂၃၂ ဒသမ ၃၈ သန်းကျော် တန်ဖိုးရှိ ဆန်တန်ချိန် ၄၆၆၈၀၀ တန်မျှသာ တင်ပို့ခဲ့ရာ ယခင်နှစ် ကာလတူ နှင့် နှိုင်းယှဉ်ပါက ပမာဏ၌ ၄၃ ဒသမ ၂၇ ရာခိုင်နှုန်းနှင့် တန်ဖိုးအရ ၅၄ ဒသမ ၇၃ ရာခိုင်နှုန်း သိသိ သာသာ ကျဆင်းခဲ့သည်။
ဂါနာနိုင်ငံ၏နောက်တွင် ကို့ဒီအိုင်ဗိုရီနှင့် မလေးရှား တို့သည် ဗီယက်နမ်ဆန်ကို ဒုတိယနှင့် တတိယအများဆုံး တင်သွင်းသည့်နိုင်ငံများဖြစ်ကြပြီး စျေးကွက်ဝေစု ၂၁ ရာခိုင်နှုန်းကျော်နှင့် ၁၀ ရာခိုင်နှုန်းခန့် အသီးသီး ရှိကြသည်။
ဩဂုတ်လအစောပိုင်းတွင် ဖိလစ်ပိုင်အစိုးရသည် ပြည်တွင်းဆန်ဈေးနှုန်းများ ကျဆင်းမှု ကြောင့် ဆန်တင်သွင်းခြင်းကို စက်တင်ဘာ ၁ ရက်နေ့မှစတင်၍ နှစ်လကြာ ရပ်ဆိုင်းမည်ဟု ကြေညာခဲ့သည်။ သို့သော်လည်း အခြားနယ်မြေဒေသများတွင် ဝယ်လိုအား ကြီးထွားလာခြင်း ကြောင့် ဆန်တင်ပို့မှုတစ်ရပ်လုံးကို ခြုံငုံကြည့်ရှုပါက ဆက်လက်အားကောင်းနေမည်ဟု စျေးကွက် လေ့လာသူများက ခန့်မှန်းကြသည်။
ဖိလစ်ပိုင်နိုင်ငံမှ ဆန်တင်သွင်းမှု ခေတ္တရပ်ဆိုင်းထားသော်လည်း ဘင်္ဂလားဒေ့ရှ်၊ တရုတ်နှင့် တောင်အာဖရိကနိုင်ငံများသို့ တိုးမြှင့်တင်ပို့လာနိုင်သဖြင့် ဗီယက်နမ်၏ ဆန်တင်ပို့မှုသည် တစ်နှစ် တာ ကာလတစ်ခုလုံးအတွက် တန်ချိန် ၈ ဒသမ ၂ သန်းကို ကျော်လွန်မည်ဟု ခန့်မှန်းရသည်။
Source: Vietnam News, 13 October 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)