ရွှေဘိုမြို့တွင် ကြက်သွန်နီနှင့် ကြက်သွန်ဖြူများ အမြင့်ဈေးဖြင့် တည်ငြိမ်လျက်ရှိ

Powered by Drupal

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် ပြည်တွင်းကုန်သွယ်ရေးဖွံ့ဖြိုးမှုနှင့် သုတေသနဌာနခွဲအနေဖြင့် အခြေခံစားကုန်များ၏ ဆိုင်ရာအချက်အလက်များကို အပတ်စဉ်တင်ပြလျက်ရှိပါသည်။

    ရွှေဘိုခရိုင်အနေဖြင့် ၂၀၂၁-၂၀၂၂ခုနှစ် ဆောင်းသီးနှံတွင် စားဖိုဆောင်သီးနှံဖြစ်သည့် ကြက်သွန်နီ (၁၃၇၅၆)ဧကစိုက်ပျိုးပြီး တစ်ဧကလျှင် (၄၅၇၉.၃၅)ပိဿာနှုန်းထွက်ရှိသဖြင့် ခရိုင်ချုပ်(၆၂၉၉၃၅၄၅) ပိဿာထွက်ရှိကြောင်းနှင့် ကြက်သွန်ဖြူ(၆၉၈၉)ဧကစိုက်ပျိုးပြီး တစ်ဧကလျှင် (၂၈၉၄.၀၂)ပိဿာနှုန်း ထွက်ရှိသဖြင့် ခရိုင်ချုပ်(၂၀၂၂၆၃၃၄)ပိဿာထွက်ရှိကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရ သိရှိရပါသည်။

     ရွှေဘိုခရိုင်တွင် ဩဂုတ်လတတိယပတ်၌ ကြက်သွန်နီတစ်ပိဿာလျှင်(၂၃၀ဝိ/-)နှင့် ကြက်သွန်ဖြူ တစ်ပိဿာလျှင်(၄၀၀ဝိ/-)ပေါက်ဈေးရှိခဲ့ရာမှ အပတ်စဉ်ဈေးနှုန်းများမြင့်တက်လာပြီး စက်တင်ဘာလ ဒုတိယပတ်တွင် ကြက်သွန်နီ တစ်ပိဿာလျှင်(၄၀၀ဝိ/-)နှင့် ကြက်သွန်ဖြူ တစ်ပိဿာလျှင်(၅၅၀ဝိ/-) ထိပေါက်ဈေးရှိခဲ့ပါသည်။  စက်တင်ဘာလတတိယပတ်နှင့် နောက်ဆုံးပတ်တွင်လည်း ဒုတိယပတ်ရှိ ဈေးနှုန်းအတိုင်း အရောင်းအဝယ်ဖြစ်လျှက်ရှိပြီး အမြင့်ဈေးဖြင့် ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။ ယခင်လနှင့် ယခုလဈေးနှုန်းနှိုင်းယှဉ်ပါကလည်း ဩဂုတ်လဈေးနှုန်းထက် စက်တင်ဘာလတွင် ကြက်သွန်နီတစ်ပိဿာလျှင်(၁၇၀ဝိ/-)ကျပ်နှင့် ကြက်သွန်ဖြူတစ်ပိဿာလျှင် (၁၅၀ဝိ/-)ဈေးနှုန်း မြင့်တက်ခဲ့ကြောင်း၊ ရွှေဘိုမြို့သို့ ကြက်သွန်နီနှင့် ကြက်သွန်ဖြူစိုက်ပျိုးမှုများသည့် မိုးကောင်းတောများဖြစ်သည့် ရွှေဘိုမြို့နယ် အရှေ့ဘက်ခြမ်းရှိကျေးရွာများ၊ ခင်ဦးမြို့နယ်နှင့် ရေဦးမြို့နယ်တို့မှ လှောင်ထားသည့် ပစ္စည်းလက်ကျန်များ ဝင်ရောက်လျက်ရှိကြောင်း၊ အရောင်းအဝယ်ဖြစ်မှုအနေဖြင့် လက်ရှိအချိန်၌ ကြက်သွန်နီနှင့် ကြက်သွန်ဖြူဈေးနှုန်းများ မြင့်သည့်အပြင် ဝါတွင်းကာလဖြစ်သည့်အတွက် အရောင်းအဝယ်ပါးပြီး ဈေးနှုန်းအနည်းငယ်အေးနေကြောင်း ရောင်းချသည့်လုပ်ငန်းရှင်များနှင့် ဆက်သွယ်မေးမြန်းမှုအရ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)