အမေရိကန်နိုင်ငံ၏ အ‌ကောက်ခွန်စည်းကြပ်မှုဒဏ်ကြောင့် စင်္ကာပူနိုင်ငံ၏ အဓိက တင်ပို့ကုန်များ ၁၁.၃ ရာခိုင်နှုန်းခန့် ကျဆင်း

Powered by Drupal

            စင်္ကာပူနိုင်ငံ၏ အဓိကတင်ပို့ကုန်များသည် အမေရိကန်နိုင်ငံ၏ လျှပ်စစ်နှင့် လျှပ်စစ်မဟုတ်သော ထုတ်ကုန်များအပေါ် အကောက်ခွန် တိုးမြှင့်ကောက်ခံမှုကြောင့် သြဂုတ်လတွင် ဇူလိုင်လထက် ပိုမို ကျဆင်းလာကြောင်း သိရပါသည်။ ယခင်နှစ်အစောပိုင်းကာလနှင့် နှိုင်းယှဥ်လျှင် ရေနံမဟုတ်သောပြည်တွင်း ထုတ်ကုန်များ (Nodx) သည် ၂၀၂၅ ခုနှစ် သြဂုတ်လတွင် ၁၁.၃ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့ကြောင်း သိရပါသည်။ ၎င်းသည် ယခင်လတွင် ပြန်လည်ပြင်ဆင်ထားသော ၄.၇ ရာခိုင်နှုန်း ကျဆင်းမှုအပြီးတွင် ထွက်ပေါ်လာ ခြင်းဖြစ်ကြောင်း သိရပါသည်။ ရလဒ်အနေဖြင့် Nodx များသည် ၂၀၂၅ ခုနှစ် ပထမ ရှစ်လအတွင်းတွင် ၁.၆ ရာခိုင်နှုန်းခန့် မြင့်တက်လာကြောင်း သိရပါသည်။ လျှပ်စစ်ပစ္စည်းပို့ဆောင်မှုသည် ယခင် ၂.၇ ရာခိုင်နှုန်း မြင့်တက်မှုအပြီးတွင် သြဂုတ်လတွင် ၆.၅ ရာခိုင်နှုန်းခန့် ကျဆင်းလာကြောင်း သိရပါသည်။ အဆိုပါ ကျဆင်း မှုသည် ကွန်ပျူတာသုံး လူထုဆက်သွယ်ရေး ထုတ်ကုန်များနှင့် circuits ပြားများ အပေါ် အမေရိကန်နိုင်ငံမှ အခွန်တိုးမြှင့်ကောက်ခံခြင်းကြောင့် ဖြစ်ကြောင်းသိရပါသည်။ လျှပ်စစ် ပစ္စည်းမဟုတ်သော Nodx များသည်လည်း ဇူလိုင်လ ၆.၇ ရာခိုင်နှုန်းကျဆင်းမှုအပြီးတွင် ယခင်နှစ် အစောပိုင်းကာလနှင့် နှိုင်းယှဥ်လျှင် ၁၃ ရာခိုင်နှုန်းခန့် ကျဆင်းလာကြောင်း သိရပါသည်။ အဆိုပါ ကျဆင်းမှုသည် စက်သုံးပစ္စည်းများ၊ အစားအသောက် ပြင်ဆင်ရေးပစ္စည်းများနှင့် ရေနံဓာတုပစ္စည်း များအပေါ် အမေရိကန်နိုင်ငံမှ အခွန်တိုးမြှင့်ခြင်းကြောင့် ဖြစ်ကြောင်း သိရပါသည်။ စင်္ကာပူနိုင်ငံ၏ ထိပ်သီး တင်ပို့မှု ၁၀ ခုသာ သြဂုတ်လတွင် မြင့်တက်လျက်ရှိပါသည်။ စင်္ကာပူနိုင်ငံမှ အမေရိကန်နိုင်ငံသို့ ပို့ဆောင်မှုများသည် အစားအသောက်ပြင်ဆင်မှုပစ္စည်းများ၊ ကွန်ပျူတာသုံး လူထု ဆက်သွယ်ရေး ပစ္စည်းများ နှင့် စက်သုံးပစ္စည်းများ တင်ပို့မှု ကျဆင်းခြင်းကြောင့် ဇူလိုင်လ ၄၂.၈ ရာခိုင်နှုန်း ကျဆင်းမှု အပြီးတွင် ၂၈.၈ ရာခိုင်နှုန်းခန့် ကျဆင်းလျက်ရှိကြောင်းနှင့် တရုတ်နိုင်ငံသို့ ပို့ဆောင်မှု များသည်လည်း စက်သုံးပစ္စည်းများ၊ ရွှေနှင့် circuit ပြားများ ရောင်းချမှုလျော့နည်းခြင်းကြောင့် ဇူလိုင်လ ၁၂.၃ ရာခိုင်နှုန်း ကျဆင်းမှုအပြီးတွင် ၂၁.၅ ရာခိုင်နှုန်းခန့် ကျဆင်းလျက်ရှိကြောင်း သိရပါသည်။ စင်္ကာပူနိုင်ငံမှ အင်ဒိုနီးရှားနိုင်ငံသို့ တင်ပို့သော Nodx များသည် ရွှေ၊ ရေနံဓာတုပစ္စည်းနှင့် လျှပ်စစ် စက်ပစ္စည်းများပို့ဆောင်မှု ကျဆင်းခြင်းကြောင့် ဇူလိုင်လ ၃၂.၃ ရာခိုင်နှုန်း ကျဆင်းမှုအပြီးတွင် ၃၉.၆ ရာခိုင်နှုန်းခန့် ကျဆင်းလာကြောင်း သိရပါသည်။ သို့ရာတွင် ထိုင်ဝမ်၊ တောင်ကိုရီးယားနိုင်ငံ နှင့် ဥရောပသမဂ္ဂသို့ တင်ပို့သော Nodx များသည် မြင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။

Source: Straitstimes

DOCA (ရန်ကုန်)