
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့မဈေးအတွင်း၌ ရောင်းချနေသော မာလကာသီး များကို ပခုက္ကူမြို့ပေါ်ရှိ မာလကာသီးခြံများနှင့် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်း၊ ပုပ္ပါး ဒေသတို့မှ စိုက်ပျိုးတောင်သူများမှ လာရောက်ရောင်းချကြကြောင်း သိရသည်။
၂၀၂၅ခုနှစ်၊ စက်တင်ဘာ(ဒုတိယပတ်)တွင် ရောင်းချနေသော မာလကာသီး ဈေးနှုန်းများမှာ တစ်ပိဿာလျှင် အမြင့်ဈေး ကျပ်(၄၀၀၀)၊ အလတ်ဈေး ကျပ်(၃၀၀၀)၊ အနိမ့်ဈေး ကျပ်(၂၀၀၀) ဈေးနှုန်းဖြင့် ရောင်းချခဲ့ပြီး စက်တင်ဘာ(တတိယပတ်)တွင် မာလကာသီး တစ်ပိဿာလျှင် အမြင့်ဈေး ကျပ်(၄၅၀၀)၊ အလတ်ဈေး ကျပ်(၃၅၀၀)၊ အနိမ့်ဈေး ကျပ်(၂၅၀၀)ဈေးနှုန်းဖြင့် အသီး၏ အရည်အသွေးအပေါ် မူတည်၍ ရောင်းချရကြောင်း၊ ယခင်တစ်ပတ်နှင့်ယခုတစ်ပတ် ဈေးနှုန်းနှိုင်းယှဉ် ပါက ကျပ်(၅၀၀)ခန့်ဈေးနှုန်းမြင့်တက်ပြီး စားသုံးမှုပိုမိုများပြားလာခြင်းနှင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် ဈေးနှုန်းမြင့်တက်လာခြင်းဖြစ်ကြောင်း မာလကာသီး ရောင်းချသူထံမှ သိရှိရ ပါသည်။
DOCA(မကွေး)