ဈေးကွက်အတွင်း ငရုတ်သီးစိမ်းဈေးနှုန်းကျဆင်းလျက် ရှိ

Powered by Drupal

      စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ငရုတ်သီးကို လွိုင်ကော်မြို့နယ် မှုံပြာ၊ လင်ဖုံလေး၊ ရေနီကန်ကျေးရွာများတွင် စိုက်ပျိုးကြပြီးထွက်ရှိသောငရုတ်သီးစိမ်းကို‌ ဒေသတွင်းဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချကြကြောင်း၊ ဒေသခံလူမျိုးများမှာလည်း ငရုတ်သီးကို ဒေသရိုးရာအစား အသောက် များ၊ဟင်းလျာများတွင်မရှိမဖြစ်အများဆုံးအသုံးပြုကြပါသည်။ ယခုလက်ရှိ စက်တင်ဘာလ စတုတ္ထပတ်တွင် ဈေးကွက်အတွင်း ငရုတ်သီးစိမ်းတစ်ပိဿာလျှင် (၃၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး ယခင်ဩဂုတ်လစတုတ္ထပတ်တွင် ငရုတ်သီးစိမ်းတစ်ပိဿာလျှင်(၅၀၀၀)ကျပ်ရှိခဲ့ပြီး ယခင်ဩဂုတ်လ စတုတ္ထပတ်နှင့် ယခုစက်တင်ဘာလစတုတ္ထပတ်နှိုင်းယှဉ်လျှင် ငရုတ်သီးစိမ်း တစ်ပိဿာလျှင် (၁၅၀၀) ကျပ်ခန့်ကျဆင်းလာကြောင်း ဈေးနှုန်းကျဆင်းလာရခြင်းမှာ ငရုတ်သီးကို မရင့်မှည့်မှီဆွတ်ခူး ရောင်း ချမှုများပြီး ဈေးကွက်တွင်း ဝင်ရောက်မှုများလာခြင်းကြောင့် ဖြစ်သည်ဟု ငရုတ်သီး စိုက်ပျိုးရောင်းချသူတစ်ဦးထံမှ သိရပါသည်။

DOCA(ကယား)