ပြည်နယ်ဦးစီးမှူးရုံး၌ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး (Online) သင်တန်း (၁/၂၀၂၅) ဖွင့်လှစ်

Powered by Drupal

    ၂၄.၉.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး၌ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး (Online) သင်တန်း (၁/ ၂၀၂၅) ကို ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ရုံးနှင့်မော်လမြိုင်ခရိုင်ရုံးဝန်ထမ်းများမှ လူကိုယ်တိုင်တက်ရောက်ခဲ့ပြီး သထုံခရိုင်၊ ကျိုက်ထိုခရိုင်၊ ရေးခရိုင်မှ ဝန်ထမ်းများမှ အွန်လိုင်းဖြင့် တက်ရောက်ခဲ့ပြီး စုစုပေါင်းဝန်ထမ်း (၃၀) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရသည်။

     အဆိုပါ သင်တန်းတွင် စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်မှ လက်ထောက် ညွှန်ကြား‌ရေးမှူး ဦးကျော်ဌေးက အငြိမ်းစားယူခြင်း အကြောင်းသိကောင်းစရာများ၊ ဝန်ထမ်း ပြစ်မှု၊ ပြစ်ဒဏ်အကြောင်းသိကောင်းစရာများအား ဆွေးနွေးခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူး ‌ဒေါ်ခင်ဖုန်းမြင့်က Civil Service Personnel Rules အကြောင်းသိ ကောင်းစရာများအား ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)