ဈေးနှုန်းကျဆင်းလာသောဗူးသီး

Powered by Drupal

         ဗူးသီးပင်သည် နွယ်ပင်မျိုးဖြစ်ပြီး၊ မြန်မာနိုင်ငံတွင် အပူပိုင်းနှင့် သမပိုင်းရာသီဥတုတွင် ကောင်းစွာဖြစ်ထွန်းသောဟင်းသီးဟင်းရွက် အပင်ဖြစ်ပြီး အိမ်တိုင်းနီးပါးစိုက်ပျိုးလေ့ရှိကြောင်း သိရှိရသည်။ ဗူးပင်များကို မြင်းခြံဒေသအတွင်းရှိ လယ်သစ်ရွာ၊ ဘောလုံးကျေးရွာ၊ လှိုင်းတက် ကျေးရွာနှင့် ရွာစည်ရွာတို့တွင် စီးပွားဖြစ်တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားကြောင်း၊ စိုက်ပျိုးချိန်မှာ မေလမှ ဇူလိုင်လအထိစိုက်ပျိုးကြပြီး၊ ထွက်ပေါ်ချိန်မှာ စက်တင်ဘာလမှ ဒီဇင်ဘာလအထိဖြစ်ပြီး၊ စိုက်ပျိုးချိန်မှ ရက်ပေါင်း (၄၅-၇၀) ရက်အတွင်း ဆွတ်ခူးနိုင်ကြောင်း၊ တစ်နှစ်ပတ်လုံး စီးပွားဖြစ်စိုက်ပျိုးနိုင်သော စားဖိုဆောင် သီးနှံဖြစ်ကြောင်း သိရှိရသည်။ မြင်းခြံမြို့ အေးမြသီတာ ဈေးတွင် ၂၀၂၅ခုနှစ်၊ စက်တင်ဘာလနောက်ဆုံးပတ်၌ ရောင်းချနေသော ဗူးသီးတစ်လုံး လျှင်(၁၀၀၀-၁၅၀၀)ကျပ်ခန့်ဈေးနှုန်းများဖြင့်ရောင်းချကြောင်း၊ ဩဂုတ်လနောက်ဆုံးပတ်တွင် ရောင်းချနေသော ဗူးသီးတစ်လုံးလျှင် (၁၅၀၀-၂၅၀၀) ကျပ်ခန့်ပေါက်ဈေးများရှိခဲ့ကြောင်း၊ ကာလတူနှိုင်းယှဉ်ပါက ယခုလတွင် ယခင်လထက်ဗူးသီးတစ်လုံးလျှင်(၅၀၀-၁၀၀၀)ကျပ် ခန့်ဈေး နှုန်းများကျဆင်းခဲ့ကြောင်း၊ မိုးရာသီကာလ ဗူးသီးများထွက်ပေါ်ချိန်ဖြစ်သောကြောင့် ဈေးနှုန်းများ ကျဆင်းခြင်းဖြစ်ကြောင်း၊ အသီးလတ်ဆတ်မှုနှင့် အရွယ်အစားအကြီး၊ အသေးပေါ် တွင်မှုတည်၍ ဈေးနှုန်းများကွာခြားကြောင်း၊ စားသုံးမှုများ၍ ဈေးကွက်တွင်ရောင်းအားကောင်းကြောင်း၊ ဒေသ တွင်းအကြော်စုံ ရောင်းချသူများကလည်း ဝယ်ယူသုံးစွဲကြောင်း၊ တောင်သာမြို့သို့လည်း တင်ပို့ ရောင်းချရကြောင်း၊ ကုန်စိမ်းရောင်းချသူတစ်ဦး၏ ပြောပြချက်အရသိရှိရသည်။ ဗူးပင်သည် စိုက်ပျိုးရလွယ်ကူပြီး အာဟာရဓာတ် ကြွယ်ဝသော အသီးအနှံဖြစ်သောကြောင့် နေ့စဉ်စား သုံးသင့်ကြောင်း သိရှိရသည်။

DOCA (မန္တလေး)