ရှမ်းပြည်နယ်(တောင်ပိုင်း)မှ ပင်မှည့်သီး ဈေးနှုန်း ဈေးကွက် အခြေအနေ

Powered by Drupal

   ပင်မှည့်သီးသည် ချဉ်သောအရသာရှိ၍ ဗီတာမင်-စီ၊ ပိုတက်ဆီယမ်၊ အမျှင်ဓာတ်၊ ရေဓာတ်နှင့် အခြားသော သက်စောင့်ဓာတ်တွေ ကြယ်ဝစွာပါဝင်သောကြောင့် ကျန်းမာရေးအတွက် အထူးကောင်းမွန်ပြီး ကိုယ်ခံအားကိုမြှင့်တင်ပေးနိုင်ကာ နှလုံးကျန်းမာရေးအတွက်လည်း အထောက် အကူပြုပြီး ကျန်းမာရေးအတွက် ကောင်းကျိုးများသည့် အသီးဖြစ်ပါသည်။ ပင်မှည့်သီးကို ထက်ခြမ်းခွဲပြီး အနှစ်ကိုစားသုံးနိုင်သလို ဖျော်ရည်ပြုလုပ်၍လည်း သောက်သုံးနိုင်ပါသည်။ ယခုလို မိုးနှောင်းပိုင်းတွင် မြန်မာပြည်တွင်း၌ ပင်မှည့်သီးများ ပေါပေါများများထွက်ရှိကြောင်း သိရပါသည်။ ရှမ်းပြည်နယ်(တောင်ပိုင်း) ဈေးကွက်အတွင်း၌ ဇူလိုင်လ တတိယပတ်တွင် ဈေးကွက်အတွင်း စတင် ဝင်ရောက်လာပြီး တစ်လုံးလျှင် ၇၀၀ ကျပ်မှ ၈၀၀ကျပ်အထိရှိကာ၊ ဩဂုတ်လတွင် ဈေးကွက် အတွင်း၌ ဝင်ရောက်မှုများခဲ့ပြီး ယခုစက်တင်ဘာလ တတိယပတ်တွင် တစ်လုံးလျှင် ၄၀၀ ကျပ်မှ ၅၀၀ ကျပ်ထိ ဈေးကျဆင်းသွားကြောင်းစုံစမ်းသိရှိရပါသည်။၊ ပင်မှည့်သီးကို ရှမ်းပြည်နယ်တွင် အောင်ပန်း၊ ရပ်စောက်၊ ပင်လုံ၊ နမ့်စန်၊ လားရှိုး၊ ၊ မိုင်းပန်၊ မူဆယ်၊ ကျောက်မဲမြို့များတွင် အဓိကစိုက်ပျိုးထွက်ရှိကြောင်းစုံစမ်းသိရှိရပါသည်။

DOCA(ရှမ်း)