ချောက်မြို့နယ် တာဝန်ခံ၏ (၉/၂၀၂၂)လအတွင်းအသိပညာပေးခြင်းနှင့် စျေးကွက်စောင့်ကြည့် စစ်ဆေးခဲ့မှုများ

Powered by Drupal

         စားသုံးသူရေးရာဦးစီးဌာန၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုး (ဌာနခွဲစာရေး) နှင့် ဒေါ်ချိုဝေလွင် (ဒု-ဦးစီးမှူး)တို့သည် သက်ဆိုင်ရာ ရပ်ကျေးဥက္ကဌ၊ ကျောင်းအုပ်ကြီးများနှင့် ချိတ်ဆက်ပြီး စားသုံးသူများ အသိပညာတိုးပွားရေး၊ ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ဌာနပုံရိပ်မြှင့်တင်နိုင်‌ရေးတို့အတွက် (၇.၉.၂၀၂၂)ရက်နေ့တွင် ချောင်းတက်ကျေးရွာ အထက(ခွဲ) ကျောင်း၌ ဆရာ/ဆရာမ (၁၂)ဦး၊ ကျောင်းသား/သူ (၁၉၃)ဦးတို့အား လည်းကောင်း၊ (၁၄.၉.၂၀၂၂)ရက်နေ့ တွင် စမ်းစု (ကား) ကျေးရွာ အထက(ခွဲ)ကျောင်း၌ ဆရာ/ဆရာမ(၁၇)ဦး၊ ကျောင်းသား/သူ (၁၅၇) ဦးအား လည်းကောင်း၊ (၁၆.၉.၂၀၂၂)ရက်နေ့တွင် ကိုင်းထောက်ကန်ကျေးရွာရှိ အလက(ခွဲ)ကျောင်း၌ ဆရာ/ ဆရာမ (၁၁)ဦး၊ ကျောင်းသား/သူ (၁၃၆)ဦး တို့အား လည်းကောင်း စားသုံးသူကာကွယ်ရေးဦးစီးဌာန၏ မျှော်မှန်းချက်/ ရည်မှန်းချက်များ စားသုံးသူများ ရရှိနိုင်မည့် အခွင့်အရေး(၈)ချက်၊ တာဝန်(၄)ချက် စားသုံးသူများ ကုန်စည်/ဝန်ဆောင်မှုများ ဝယ်ယူစားသုံး/ အသုံးပြုရာတွင် သတိပြုရမည့် စားသုံးသူ ကာကွယ်‌ရေး ဥပဒေ-၂၀၁၉ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားတွင် ပြည့်စုံစွာပါဝင်ရမည့် အချက် များအား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

       အသိပညာပေးဟောပြောပွဲအပြီးတွင် စမ်းစု(ကား) ကျေးရွာရှိ အိမ်ဆိုင်များ၊ ကိုင်းထောက်ကန် ကျေးရွာရှိ အိမ်ဆိုင်များအား စားသုံးရန်မသင့် တားမြစ်ထားသော ကုန်စည်များ၊ သက်တမ်းလွန် မှိုတက်နှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ မပါဝင်သော ကုန်စည်များ ရောင်းချမှု ရှိ/မရှိ စျေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။

DOCA(မကွေး)