လမ်းဘေးဝဲယာမြက်ပင်ပေါင်းပင်များရှင်းလင်း

Powered by Drupal

            ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်၊ ဖျာပုံ-ဘိုကလေး နယ်စပ်၌ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ (၂၁)ရက်နေ့၊ နံနက် (၁၁ : ၀၀)နာရီအချိန်တွင် မြို့နယ်အဝင်တွင် green zone ဖော်ဆောင်ရေးအတွက် လမ်းဘေးဝဲယာမြက်ပင်ပေါင်းပင်များရှင်းလင်းခဲ့ကြပါသည်။

           အဆိုပါလမ်းဘေးဝဲယာမြက်ပင်များ ရှင်းလင်းရာတွင် ဘိုကလေးမြို့နယ် စီမံအုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးဇော်ဝင်းလှိုင်၊ ဘိုကလေးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးခင်ညွှန့်၊မြို့နယ် လမ်းဦးစီးဌာနမှ ဦးစီးအရာရှိ(မြို့ပြ)ဦးထွဏ်းသူရိန် တို့မှကွင်းဆင်းစစ်ဆေးကြီးကြပ်ခဲ့ရာ လိုအပ်ချက်များအား ဘိုကလေးမြို့နယ် စီမံအုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးဇော်ဝင်းလှိုင်မှ မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)