သီရိမင်္ဂလာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

Powered by Drupal

         ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် သီရိမင်္ဂလာဈေးတွင် စက်တင်ဘာလ (၂၀) ရက်နေ့မှ စက်တင်ဘာလ (၂၆) ရက်နေ့အထိဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ ဝမ်းတွင်း၊ မိတ္ထီလာ မှ ဖရဲသီး (211) အလုံးကြီး ကျပ် ၁၈၀၀ ၊ အလုံးလတ် ကျပ် ၁၅၀၀ ၊ အလုံးသေး ကျပ် ၁၀၀၀ ၊ မှော်ဘီ၊ တိုက်ကြီး မှ မာလကာသီး (ကီလို) အလုံးကြီး ကျပ် ၆၀၀ မှ ၅၀၀၊ အလုံးလတ် ကျပ် ၄၀၀ ၊ အလုံး သေး ၂၀၀၊ တိုက်ကြီး မှ  ပီလောပီနံ တစ်ပိဿာ အလုံးကြီး ကျပ် ၇၀၀၊ အလုံးလတ် ကျပ် ၅၀၀၊ အလုံး သေး ကျပ် ၄၀၀ ၊ တိုက်ကြီး  မှ ကျွဲကောသီး အလုံးကြီး ကျပ် ၂၅၀၀ မှ ၂၂၀၀၊ အလုံးလတ် ကျပ် ၂၀၀၀ မှ ၁၇၀၀ ၊ အလုံးသေး ကျပ် ၁၅၀၀ မှ ၁၂၀၀၊ ၁၀၀၀ မှ ၈၀၀၊ ၅၀၀ မှ ၃၀၀၊ ရပ်စောက် မှ သရက်သီး (ရင်ကွဲ) ရိုးရိုး အလုံးကြီး သေတ္တာ အလုံး ၅၀ လုံးပါ ကျပ် ၄၀၀၀၀၊ အလုံးလတ် သေတ္တာ အလုံး ၆၅ ပါကျပ် ၃၅၀၀၀၊ အလုံးသေး သေတ္တာ အလုံး ၇၅ ပါကျပ် ၃၀၀၀၀၊ ပုပ္ပါး မှ နဂါးမောက်သီး (အနီ) အလုံးကြီး တစ်ဖာ ၁၈ လုံးပါ ကျပ် ၁၄၀၀၀၊ အလုံးလတ် ၂၄ လုံးပါ ကျပ် ၁၀၀၀၀၊ အလုံးသေး ၃၀ လုံးပါ ကျပ် ၈၀၀၀၊ ပုပ္ပါး မှ ဩဇာသီး အလုံးကြီး တစ်ဖာ ၂၄ လုံးပါ ကျပ် ၁၆၀၀၀၊ အလုံးလတ် ၃၀ လုံးပါ ကျပ် ၁၂၀၀၀၊ အလုံးသေး ၆၀ လုံးပါ ကျပ် ၈၀၀၀၊ မုံရွာ မှ ဖရဲသီး (855) အလုံးကြီး ကျပ် ၃၅၀၀ ၊ အလုံးလတ် ကျပ် ၂၅၀၀ ၊ အလုံးသေး ကျပ် ၂၀၀၀ ၊ ပြင်ဦးလွင် မှ နဂါးမောက်သီး (အနီ) အလုံးကြီး တစ်ဖာ ၁၈ လုံးပါ ကျပ် ၁၆၀၀၀၊ အလုံးလတ် ၂၄ လုံးပါ ကျပ် ၁၂၀၀၀၊ အလုံးသေး ၃၀ လုံးပါ ကျပ် ၁၀၀၀၀ ဈေးတို့ရှိကြောင်း သီရိမင်္ဂလာဈေးရှိ မြန်မာနိုင်ငံသစ်သီးဝလံပန်းမန် ဟင်းသီး ဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFVP) မှသိရှိရပါသည်။

DOCA(ရန်ကုန်)