၂၀၂၆ ခုနှစ် မတ်လအထိ ‌ငွေစင်လက်ဝတ်ရတနာများ တင်သွင်းခြင်းကို အိန္ဒိယအစိုးရမှ တားမြစ်ပိတ်ပင်

Powered by Drupal

          အိန္ဒိယအစိုးရသည် စက်တင်ဘာလ ၂၄ ရက်နေ့မှစ၍ လာမည့်နှစ် ၂၀၂၆ ခုနှစ်မတ်လ ၃၁ ရက် နေ့အထိ နိုင်ငံအတွင်းသို့ ငွေလက်ဝတ်ရတနာများ တင်သွင်းမှုကို တားမြစ်ထားကြောင်း အမိန့်ကြေငြာစာ အရသိရပါသည်။ အဆိုပါပိတ်ပင်မှုသည် လွတ်လပ်သောကုန်သွယ်မှု သဘော တူညီချက် (FTAs) ကို အလွဲသုံးစားလုပ်ခြင်းမှ တားဆီးရန်နှင့် လက်ဝတ်ရတနာ အချောထည် များအဖြစ် ငွေအများအပြား တင်သွင်းမှုများကို ဖြေရှင်းရန် ရည်ရွယ်ခြင်းဖြစ်ကြောင်းသိရပါသည်။

          ကန့်သတ်ထားသည့် ကုန်ပစ္စည်းများတင်သွင်းရန် အစိုးရထံမှ လိုင်စင်လိုအပ်ပြီး အကောက်ခွန် ကင်းလွတ်မှုများ အောက်မှ ငွေလက်ဝတ်ရတနာများ တင်သွင်းမှု ကန်သတ်ချက်များသည် ၂၀၂၄-၂၅ ဘဏ္ဍာနှစ်၏ ဧပြီ-ဇွန် မှ ၂၀၂၅-၂၆ ဘဏ္ဍာနှစ်၏ ဧပြီ-ဇွန် အထိတိုးမြင့်လာခြင်းဖြစ်သည်။ FTA ပါ ပြဌာန်းချက်များကို ရှောင်တိမ်းသည့် သွင်းကုန်များသည် ပြည်တွင်းထုတ်လုပ်သူများကို ဆိုးဆိုးရွားရွား ထိခိုက်စေပြီး ကျောက်မျက်ရတနာကဏ္ဍတွင် အလုပ်အကိုင်ရရှိရေးအတွက် စိန်ခေါ်မှု တစ်ရပ်ဖြစ်လာကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ အဆိုပါဆုံးဖြတ်ချက်သည် အိန္ဒိယ၏ လက်ဝတ်ရတနာ ထုတ်လုပ်သူများ အတွက် ‌စျေးကွက်များ ပိုမိုကျယ်ပြန့်စေပြီး အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ၏ အကျိုးစီးပွားကို ကာကွယ်ကာ ကဏ္ဍအတွင်းရှိ အလုပ်သမားများအတွက် အသက်မွေးဝမ်းကြောင်းအခွင့်အလမ်းများ ပိုမိုလုံခြုံစေမည်ဟု အစိုးရမှ ယုံကြည်ထားကြောင်းသိရပါသည်။Source : indiatoday  

DOCA(ရန်ကုန်)