လားရှိုးမြို့ရှိ မြေပဲဆံနှင့် ကုလားပဲဈေးနှုန်းများ

Powered by Drupal

    ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ မြို့မဈေးနှင့်   မြို့တွင်းရှိရပ်ကွက်ဈေးများတွင် ဒေသ ထွက်သီးနှံများအပြင် အသား/ ငါး နှင့် ဟင်သီးဟင်းရွက်မျိုးစုံကိုလည်းရောင်းချလျက်ရှိရာ အခြေခံစားကုန်ဖြစ်သော မြေပဲဆံနှင့် ကုလားပဲများကိုလည်း ပေါများစွာရောင်းချလျက်ရှိကြောင်း တွေ့ရှိရပါသည်။

          မြေပဲဆံဈေးနှုန်းမှာ နို့ဆီဘူးတစ်ဘူးလျှင် (၁၄၀၀) ကျပ်၊ ကုလားပဲတစ်ဘူးလျှင် (၁၅၀၀)ကျပ် နှုန်းဖြင့်ရောင်းချကြောင်း သိရှိရပါသည်။‌ မြေပဲဆံနှင့် ကုလားပဲများကို ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့မှ တစ်ဆင့်ယူ၍ ရောင်းချကြကြောင်းလည်း သိရှိရပါသည်။

DOCA(ရှမ်း)