လားရှိုးမြို့မှ ကြက်သွန်နီ နှင့် ကြက်သွန်ဖြူဈေးနှုန်း

Powered by Drupal

    ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ အမှတ်(၉)ရပ်ကွက်၊ ဘူတာဈေးတွင် အသား၊ ငါး၊ အသီးအရွက်များ၊ ဒေသထွက်သီးနှံများကို ရောင်းချလျက်ရှိရာ  ကြက်သွန်နီနှင့် ကြက်သွန်ဖြူများကိုလည်း ရောင်းချလျက်ရှိကြောင်း တွေ့ရှိရပါသည်။

    ကြက်သွန်နီဈေးနှုန်းများမှာ (၁) ပိဿာလျှင် (၂၈၀၀) ကျပ် မှ (၃၀၀၀-၃၂၀၀) ကျပ်၊ ကြက်သွန်ဖြူဈေးနှုန်းမှာ (၁) ပိဿာလျှင် (၈၀၀၀) ကျပ်မှ (၈၅၀၀-၉၀၀၀) ကျပ်အထိ ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။ ကြက်သွန်နီနှင့် ကြက်သွန်ဖြူများကို လားရှိုးမြို့အနီးနားရှိရွာများမှ တစ်နိုင်တစ်ပိုင်စိုက်ပျိုးထွက်ရှိသော ခြံထွက်များကို လာရောက်ရောင်းချကြသလို၊ တောင်ကြီး၊ အောင်ပန်းမှတစ်ဆင့်ယူ၍လည်း ရောင်းချကြကြောင်း သိရှိရသည်။

DOCA(ရှမ်း)