လားရှိုးမြို့ဒေသထွက် မှိုခြောက်(ကြွက်နားရွက်မှို) ဈေးနှုန်း

Powered by Drupal

    ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ ဘူတာဈေး(ခေးနင်းဈေး)နှင့် မြို့မဈေးတွင် မှိုခြောက်(ကြွက်နားရွက်မှို) များကိုလည်းပေါများစွာ ရောင်းချလျက်ရှိကြောင်း တွေ့ရှိရပါသည်။ မှိုခြောက်(ကြွက်နားရွက်မှို) ကိုစားသုံးခြင်းဖြင့် ရောင်းရမ်းခြင်းကိုသက်သာစေခြင်း၊ ကိုယ်ခံအား တိုးစေခြင်း၊ ဆီးချိုကာကွယ်ပေးခြင်း၊ အနာကျက်မြန်စေခြင်း၊ နှလုံးကျန်းမာရေးကို အထော်အကူပြုခြင်း၊ အစာခြေစနစ်ကိုအထောက်အကူပြုခြင်းနှင့် အရွယ်တင်နုပျိုစေနိုင်ခြင်း စသောအကျိုး ကျေးဇူးများစွာ ရရှိစေနိုင်ပါသည်။

     မှိုခြောက်(ကြွက်နားရွက်မှို)ကို သုပ်စား၍လည်းကောင်း၊ ကြာဇံဟင်းခါးချက်ရာတွင် လည်း ကောင်း၊ ထမင်းပေါင်း၊ အစိမ်းကြော်ကြော်ရာတွင်လည်းကောင်း၊ ခေါက်ဆွဲကြော်/ ကြာဇံကြော်ကြော်ရာတွင်လည်းကောင်း မျိုးစုံပြုလုပ်စားသုံးကြကြောင်း သိရသည်။ မှိုခြောက်(ကြွက်နားရွက်မှို) ဈေးနှုန်းမှာ တစ်ပိဿာလျှင် (၂၀၀၀၀) ကျပ်နှုန်းဖြင့် ရောင်းချနေကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)