ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် ယခုအချိန်သည် Hass မျိုး ထောပတ်သီးများ အရောင်းသွက်နေချိန်ဖြစ်ပါသည်။ အသီးအရွယ်အစား သေးငယ်ပေမဲ့လည်း အတွင်းသားထူပြီး အရသာမှာ ပျစ်ပျစ်နှစ်နှစ်နဲ့ ဆိမ့်ဆိမ့်လေး ဖြစ်တာကြောင့် စားကောင်းပြီး လက်ဆောင်ပေးလျှင်လည်း မျက်နှာပန်းလှသဖြင့် လူကြိုက်များတဲ့ အသီးဖြစ်ပါသည်။ အမျှင်မပါတဲ့အတွက် သဘာဝအတိုင်း အခွံခွာ၍ အစိမ်းစားနိုင်သလို ကြိုက်နှစ်သက်ရာတို့နဲ့ရောစပ်၍ ထောပတ်သီး ဖျော်ရည်အဖြစ်လည်းကောင်း ဆလပ်သုပ်နေဖြင့်လည်းကောင်း အမျိုးမျိုး စားသုံးတတ်ကြပါသည်။ Hass မျိုး ထောပတ်သီးများကို အသီးအရည်အသွေးနှင့် အရွယ်အစားပေါ် မူတည်ပြီး အဆင့်များ ခွဲခြား၍ အသေးဆုံးဆိုဒ် 1Kg လျှင် ၂၅၀၀/- မှ ပရီမီယံဆိုဒ် 1Kg လျှင် ၉၅၀၀/- ခန့် ဈေးရှိကြောင်း သိရှိရပါသည်။
DOCA(ရှမ်း)
