လားရှိုးမြို့မှ မုန်လာဥနီဈေးနှုန်း

Powered by Drupal

     ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ အမှတ်(၉)ရပ်ကွက်၊ ဘူတာဈေးတွင် အသား၊ ငါး၊ အသီးအရွက်များ၊ ဒေသထွက်သီးနှံများကိုရောင်းချလျက်ရှိရာ  မုန်လာဥနီများကိုလည်း ရောင်းချ လျက်ရှိကြောင်း တွေ့ရှိရပါသည်။

     မုန်လာဥနီဈေးနှုန်းများမှာ တစ်ပိဿာလျှင် (၁၅၀၀) ကျပ် မှ (၂၀၀၀-၂၅၀၀) ကျပ်အထိရှိပြီး အကြီးအသေးနှင့် အမျိုးအစားပေါ်မူတည်ပြီး ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။ မုန်လာဥနီကို အနီးနားရှိ ရွာများမှ လာရောက်ရောင်းချကြသလို မန္တလေးမှတစ်ဆင့် ယူ၍ရောင်းချကြကြောင်းလည်း သိရှိရပါသည်။ ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် လတ်တလော ဖြစ်ပွားနေသော နိုင်ငံရေးအခြအနေများကြောင့် မူဆယ်နှင့် ချင်းရွှေဟော်ရှိ နယ်စပ်ကုန်သွယ်ရေး ဂိတ်များမှာ ယာယီပိတ်ထားပြီး ကုန်စည်စီးဆင်းမှုခက်ခဲကြောင်း၊ အရောင်းအဝယ်ပါးနေကြောင်း ကုန်စိမ်းရောင်းချသည့် ကုန်သည်များ၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(ရှမ်း)