ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ မြို့မဈေးတွင် အသီးအရွက်များ၊ ဒေသထွက် သီးနှံများအပြင် အာလူးနှင့် ကြက်သွန်များကိုလည်းရောင်းချလျက်ရှိကြောင်းတွေ့ရှိရပါသည်။
အာလူးဈေးနှုန်းမှာ တစ်ပိဿာလျှင် (၂၅၀၀) မှ (၃၀၀၀) ကျပ်၊ ကြက်သွန်နီ တစ်ပိဿာလျှင် (၃၀၀၀) မှ (၄၀၀၀) ကျပ်၊ ကြက်သွန်ဖြူ(ရှမ်း) တစ်ပိဿာလျှင်(၇၅၀၀) ကျပ်မှ (၁၀၀၀၀) ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာလျှင်(၁၀၀၀၀) ကျပ်မှ (၁၂၀၀၀) ကျပ် အထိရှိပြီး အမျိုးအစား ပေါ်မူတည်၍ ကွဲပြားကြောင်းသိရှိရသည်။ ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် လတ်တလော ဖြစ်ပေါ် နေသော နိုင်ငံရေးအခြေနေများကြောင့် ကုန်စည်စီးဆင်းမှုများခက်ခဲလျက်ရှိနေပြီး၊ အရောင်း အဝယ်များလည်းပါးနေကြောင်း ကုန်ရောင်းချသူများထံမှ သိရှိရပါသည်။
DOCA(ရှမ်း)
