မုံရွာမြို့၊ ချင်းတွင်းရတနာဈေးအတွင်း ရောင်းချနေသော အခြေခံစားကုန်ဈေးနှုန်းများ အခြေအနေ

Powered by Drupal

        စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိ ဈေးများတွင် ယခုရက်သတ္တပတ်အတွင်း ရွှေဘိုပေါ်ဆန်း ဆန်(တစ်အိတ်)လျှင် ၈၅၀၀၀ ကျပ် ၊ ဧရာမင်းဆန်(တစ်အိတ်)လျှင်  ၆၃၀၀၀-၆၄၈၀၀ ကျပ်၊ ငစိန်ဆန် (တစ်အိတ်)လျှင် ၃၉၀၀၀-၄၀၀၀၀ ကျပ် ၊  ပဲဆီ(တစ်ပိဿာ)လျှင် ၁၁၄၅၀-၁၁၅၀၀ ကျပ်၊ နှမ်းဆီ (တစ်ပိဿာ)လျှင် ၁၀၀၀၀ကျပ်၊ နေကြာဆီ(တစ်ပိဿာ)လျှင်၁၁၅၀၀ကျပ်၊ စားအုန်းဆီ(တစ်ပိဿာ) လျှင် ၇၄၅၀-၇၅၀၀ ကျပ်၊ ဆား(တစ်ပိဿာ)လျှင် ၇၀၀-၈၀၀ ကျပ်၊ ငရုတ်ခြောက် (တစ်ပိဿာ) ၁၇၀၀၀ မှ ၁၈၀၀၀ ကျပ်၊ ကြက်သွန်နီ (တစ်ပိဿာ) ၃၆၀၀ မှ ၃၈၀၀ ကျပ်၊ ကြက်သွန်ဖြူ(ရှမ်းစ) (တစ်ပိဿာ) ၃၇၀၀ မှ ၃၈၀၀ ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်) (တစ်ပိဿာ) ၅၆၀၀ မှ ၅၈၀၀ ကျပ်၊ အားလူး (တစ်ပိဿာ) ၂၃၀၀ မှ ၂၅၀၀ ကျပ်၊ မန်ကျည်းသီးမှည့်(တစ်ပိဿာ)လျှင် ၃၅၀၀-၄၀၀၀ ကျပ်၊ နနွင်းတက်(တစ်ပိဿာ)လျှင် ၅၀၀၀-၅၃၀၀ကျပ်၊ ခရမ်းချဉ်သီး (တစ်ပိဿာ) ၂၈၀၀ ကျပ်၊ ဂေါ်ဖီထုတ် (တစ်ထုတ်)၁၅၀၀ကျပ်၊ ပဲသီး (ပဲထောင့်ရှည်) (တစ်စီး) ၅၀၀ ကျပ်၊ ကြက်သား(တစ်ပိဿာ)လျှင် ၈၀၀၀-၉၀၀၀ ကျပ်၊ ဝက်သား(တစ်ပိဿာ)လျှင် ၁၄၀၀၀-၁၅၀၀၀ ကျပ်၊ အမဲသား(တစ်ပိဿာ)လျှင် ၁၆၀၀၀-၁၈၀၀၀ကျပ်၊ ဆိတ်သား(တစ်ပိဿာ)လျှင် ၂၄၀၀၀-၂၆၀၀၀ ကျပ်၊ ငါးမြစ်ချင်း (တစ်ပိဿာ) လျှင် ၆၅၀၀-၇၀၀၀ ကျပ်၊ ကြက်ဥ(၁)လုံးလျှင် ၂၀၀ ကျပ်၊ ဘဲဥ(၁)လုံးလျှင် ၂၅၀ ကျပ်၊ ဖရဲသီး (ကျောက်စိမ်း) (၁)လုံးလျှင် ၁၂၀၀ မှ ၁၅၀၀ ကျပ် အတွင်း အသီသီး ဈေးရှိကြောင်း သိရသည်။

          ယခင်ပတ်နှင့်နှိုင်းယှဉ်ပါက အသီးအနှံဈေးနှုန်းများ အနည်းငယ်ဈေးအေးနေပြီး၊ ယခုအချိန်တွင် မိုးမြေပဲများစတင်ထွက်ပေါ်နေပြီဖြစ်သောကြောင့် ဆီဈေးနှုန်းများအနည်းငယ်ကျနေကြောင်း ချင်းတွင်း ရတနာဈေးရှိ လက်လီလက်ကား ရောင်းဝယ်ဖောက်ကား ရောင်းချနေသော ကုန်သည်များထံမှ သိရှိ ရသည်။         

DOCA(စစ်ကိုင်း)