မုံရွာမြို့နယ်အတွင်း ပဲမျိုးစုံဈေးနှုန်းနှင့် ဈေကွက်အခြေအနေ

Powered by Drupal

            စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ မုံရွာကုန်စည်ဒိုင်အဖွဲ့ဝင်များအနေဖြင့် မေလ လဆန်းပိုင်းမှ စတင်၍ ကုန်စည်ဒိုင်စတင်ပြန်လည်လည်ပတ်ခဲ့ကြောင်းသိရပါသည်။ စက်တင်ဘာလ တတိယပတ်တွင်  ဖြစ်ပေါ်နေသောပဲဈေးနှုန်းများမှာ ပဲတီစိမ်း(ကြီး)တစ်တင်းကျပ်၄၈၀၀၀၊ ပဲစဉ်းငုံတစ်တင်းကျပ် ၆၄၀၀၀၊ မတ်ပဲ တစ်တင်းကျပ် ၆၁၅၀၀၊ ကုလားပဲ ထိုင်ဝမ် တစ်တင်း ကျပ် ၅၆၅၀၀၊ ကုလားပဲ 929 တစ်တင်းကျပ် ၆၁၀၀၀၊ ကုလားပဲ V2 တစ်တင်းကျပ် ၆၀၀၀၀-၆၁၀၀၀၊ ကုလားပဲ V3,7 တစ်တင်းကျပ် ၆၀၀၀၀-၆၂၀၀၀ ဈေးနှုန်းများဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

               ဂျုံဖြူသန့်တစ်တင်း ကျပ် ၆၂၀၀၀-၆၅၀၀၀၊ ဂျုံနီ တစ်တင်းကျပ် ၆၀၀၀၀၊ ပဲကြီး(သစ်) တစ်တင်း ကျပ် ၇၇၀၀၀၊ ပဲနီ လုံးရိုးရိုး တစ်တင်း ကျပ် ၄၈၀၀၀၊ ပဲနီလုံးကြား တစ်တင်းကျပ် ၄၉၀၀၀၊  ပဲပုတ်စေ့ (ဗမာ) တစ်တင်း ကျပ် ၈၅၀၀၀၊ ပဲပုတ်စေ့ (ရှမ်း) တစ်တင်း ကျပ် ၅၄၃၀၀၊ ထောပတ် ပဲ တစ်တင်းကျပ် ၅၁၅၀၀၊  မြေထောက်ပဲ တစ်တင်း ကျပ် ၈၅၀၀၀၊ ပုဂံပဲ တစ်တင်းကျပ် ၆၇၀၀၀၊ ပဲလွန်းဖြူ တစ်တင်း ကျပ် ၅၀၀၀၀၊ ပဲလွန်းပြာ တစ်တင်း ကျပ် ၄၀၀၀၀၊ အစေ့ထုတ်ပြောင်း(CP) တစ် တင်း ကျပ် ၁၇၆၀၀၊ ပြောင်းနီ တစ်တင်း ကျပ် ၁၇၅၀၀၊ ပြောင်းဖြူ တစ်တင်းကျပ် ၁၈၅၀၀၊ ဆီထွက် သီးနှံများဖြစ်သော နှမ်းသီးနှံ ပေါက်ဈေးနှုန်းများ မှာ နှမ်းညို တစ်တင်းကျပ် ၈၁၀၀၀၊ နှမ်းနက် တစ်တင်း ကျပ် ၇၂၀၀၀-၉၀၀၀၀၊ နှမ်းဖြူ တစ်တင်း ကျပ် ၈၃၀၀၀-၉၄၀၀၀၊ နေကြာစေ့ တစ်တင်း ကျပ် ၄၀၅၀၀၊ မြေပဲလုံးဆံနီ တစ်ပိဿာ ကျပ်၅၀၀၀-၅၃၀၀၊ မြေပဲလုံး ဆံဖြူ တစ် ပိဿာကျပ် ၅၂၀၀-၅၄၀၀၊ ပဲဖတ်တစ်ပိဿာ ကျပ်၂၈၈-၂၉၀၀၊ နှမ်းဖတ် တစ်ပိဿာ ကျပ် ၂၀၀၀-၂၁၀၀၊ နေကြာဖတ် တစ်ပိဿာကျပ် ၁၆၅၀ ဈေးနှုန်း အသီးသီးဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

               ယခုအပတ်ဈေးနှုန်းများမှာ ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် ပဲဈေးနှုန်းများနှင့် ဆီထွက်သီးနှံ ဈေး နှုန်းများ အနည်းငယ်ကျဆင်းနေပါကြောင်း  သိရှိရပါသည်။

DOCA(စစ်ကိုင်း)