မကွေးကုန်စည်ဒိုင်၏ နှမ်းဈေးကွက်အခြေအနေ

Powered by Drupal

             စက်တင်ဘာလ တတိယအပတ်တွင် မကွေးကုန်စည်ဒိုင်၌ နှမ်းမျိုးစုံ ဈေးနှုန်းမြင့်တက်လာကြောင်းသိရသည်။ နှမ်းနီ (၁၅) ပိဿာ (၁)တင်းလျှင်( ၉၀၀၀၀) ကျပ်၊ နှမ်းဖြူ (၁၅) ပိဿာ (၁) တင်းလျှင် (၁၁၃၃၃၀) ကျပ်၊ နှမ်းနက် (စမုံ)  (၁၅) ပိဿာ (၁) တင်းလျှင်(၁၁၀၀၀၀)ကျပ်၊ နှမ်းနက် (ရိုးရိုး) (၁၅) ပိဿာ (၁) တင်းလျှင်(၈၆၆၆၀) ကျပ်၊ နှမ်းညိုကြား (၁၅) ပိဿာ (၁) တင်းလျှင် (၈၃၃၃၀) ကျပ်၊ နှမ်းဖြူ (ဂျပန်)  (၁၅) ပိဿာ (၁) တင်းလျှင် (၁၂၀၀၀၀) ကျပ် တို့ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပြီး ယခု စက်တင်ဘာလ တတိယအပတ်၌ ဈေးကွက်တွင် နှမ်းမျိုးစုံရှားပါးလာခြင်းကြောင့် ဈေးနှုန်းမြင့်လာကြောင်းသိရသည်။

            စက်တင်ဘာလ တတိယပတ်တွင် နှမ်းဖြူသည် တန်ချိန် (၂၀၀) ခန့်၊ နှမ်းနီသည် တန်ချိန် (၅၀) ခန့်၊ နှမ်းနက် (စမုံ) သည် တန်ချိန် (၂၀၀) ခန့်၊ နှမ်းနက်(ရိုးရိုး) သည် တန်ချိန် (၂၀) ခန့်၊ နှမ်းညိုကြားသည် တန်ချိန် (၄၀)ခန့်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း မကွေးကုန်စည်ဒိုင်မှ လေ့လာသိရှိရပါသည်။

DOCA(မကွေး)