ပွင့်ဖြူဒေသထွက် ငှက်စွပ်မှိုဈေးနှုန်းဈေးကွက်

Powered by Drupal

           ယခုလို မိုးရာသီကာလတွင် ငှက်စွပ်မှိုများကို ပွင့်ဖြူမြို့နယ်ဒေသရှိ ရေပုဒ်ကလေးကျေးရွာ၊ ဆည်တော်ကျေးရွာ၊ ကျောင်းကုန်းကြီး ကျေးရွာများတွင် ပေါက်ရောက်လျက်ရှိကြောင်းသိရှိရပါသည်။ ငှက်စွပ်မှိုများသည် ဝါခေါင်လပြည့်ကျော်မှ သီတင်းကျွတ်လအထိ ပေါက်ရောက်ပါသည်။ ငှက်စွပ်မှို များသည် ဥယျာဉ်ခြံများအတွင်းရှိ မြေဆွေးများတွင် ပေါက်ရောက်ပြီး ကျေးလက်ဟင်းတစ်ခွက်အဖြစ် အလွန်အရသာရှိ၍ ထမင်းမြိန်စေကြောင်း ဟင်းချိုအဖြစ်လည်းကောင်း မှိုကန်စွန်းအဖြစ်လည်းကောင်း စားသုံးကြပြီး၊ မှိုများကိုအခြောက်လှန်းခြင်း၊ မှိုချဉ်ထည့်စားသုံးခြင်း အမျိုးမျိုးပြုလုပ်၍ ရောင်းဝယ် ဖောက်ကား စားသုံးလျက်ရှိကြပါသည်။  

          ပွင့်ဖြူမြို့နယ်ပတ်ဝန်ကျင်ကျေးရွာများမှ ပေါက်ရောက်သောငှက်စွပ်မှိုများကို ပွင့်ဖြူစည်ပင် သာယာဈေးနှင့် လယ်ကိုင်း၊ စကု၊ မင်းဘူးမြို့မဈေးများအထိ မိုးရာသီ ရာသီစာဟင်းအဖြစ် လာရောက်ရောင်းချလျက်ရှိရာ ပေါ်ဦးပေါ်စတွင် ငှက်စွပ်မှိုကို တစ်ဆယ်ကျပ်သားကို (၁၈၀၀-၂၀၀၀)ကျပ်ခန့် ရောင်းချရပါကြောင်း ယခုအချိန်တွင် ငှက်စွပ်မှိုများ လှိုင်လှိုင်ပေါ်လာသည့်အခါ တစ်ဆယ်ကျပ်သားလျှင် (၁၀၀၀)ကျပ် ခန့်ရှိကြောင်း နှစ်ဆယ့်ငါးကျပ်သားလျှင် (၂၀၀၀)ကျပ်ခန့် ရောင်းချကြောင်း မှိုရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(မကွေး)