
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ဖျာပုံမြို့နယ်တွင် ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် မြို့သန့်ရှင်းသာယာလှပ စေရေးနှင့် ရေစီးရေလာ ကောင်းမွန်စေရေး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို စက်တင်ဘာလ (၂၀)ရက်နေ့ နံနက် (၇)နာရီ အချိန်က ဖျာပုံမြို့ အမှတ် (၁၁)ရပ်ကွက် ၊မေတ္တာရှင်ရပ်တော်မူ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဘုရားဝန်းအတွင်စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ကြသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာတွင်ဖျာပုံခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးဇော်လွင်ဦးနှင့်အဖွဲ့ဝင်များ၊မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမောင်မောင်ဝင်းနှင့်အဖွဲ့ဝင်များ၊ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများနှင့်ပြည်သူများပါဝင်သော ပူးပေါင်း အဖွဲ့သည် ဖျာပုံမြို့၊အမှတ် (၁၁)ရပ်ကွက်၊မေတ္တာရှင်ရပ်တော်မူ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဘုရားရင်ပြင်တော် သန့်ရှင်းရေးပြုလုပ်ခြင်းနှင့်ဘုရားကြိးဝန်းအတွင်းရှိ အမှိုက်များ ရှင်းလင်းခြင်း၊ ရေနှုတ်မြောင်းများတူဖော်ခြင်း၊ ခြင်၊ယင် ပေါက်ပွားမှု မဖြစ်ပွားစေရေး ခြုံနွယ်များ ရှင်းလင်းခြင်း၊ လမ်းဘေးဝဲယာတို့ရှိ မြက်ပင်များအား မြက်ရိတ်စက်များဖြင့် ဖြတ်တောက်ခြင်းတို့ ဆောင်ရွက်ကြပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မော်တော်ယာဉ်ဖြင့် အမှိုက်များလိုက်လံ သိမ်းဆည်းခဲ့ကြသည်။ဖျာပုံမြို့နယ်အနေဖြင့်အပတ်စဥ်စနေနေ့တိုင်း အခြေခံပညာကျောင်းများ၊ဘုရားစေတီပုထိုးများ၊ သောက်ရေကန်များ၊မြို့ဝင်မြို့ထွက်နေရာများတွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်လျက်ရှိကြောင်းသိရှိရသည်။
( Doca ဧရာဝတီ )