
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်တွင် ဒေသထွက်ကုန်များ၊ ရေထွက်ကုန်များနှင့် စိုက်ပျိုးသီးနှံများကို တစ်နိုင်တစ်ပိုင်ရောင်းချလျက်ရှိပါသည်။ ယခုမိုးရာသီတွင် ခြံထွက်သီးနှံ ဖြစ်သည့် မန်ကျည်းသီးသည်လည်း မြိတ်မြို့ပေါ်ရှိ စျေးကွက်များတွင် ရောင်းချလျက်ရှိပါသည်။
မြိတ်မြို့ပေါ်ရှိစျေးများတွင် မန်ကျည်းသီးနုဈေးနှုန်းစုံစမ်းချက်အရ ယခင်၂၀၂၅ခုနှစ်၊ သြဂုတ်လတွင် မန်ကျည်းသီးနု နို့ဆီဘူးတစ်ပုံး(၁၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိခဲ့ရာမှ ယခု ၂၀၂၅ခုနှစ်၊ စက်တင်ဘာလတွင် (၂၀၀၀)ကျပ်ဖြင့် ရောင်းချနေကြောင်း ကုန်စိမ်းရောင်းချသူထံမှ သိရှိရပါသည်။
DOCA(တနင်္သာရီ)