
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်တွင် ပြည်သူများ စားသုံးရန် အတွက် ဒေသထွက်ဆန်များ မဖူလုံပါသဖြင့် ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်မြို့တို့မှ သယ်ယူ ၍ သက်သာသောဈေးနှုန်းထားဖြင့် မြိတ်မြို့ပေါ်ရှိ ဆန်ကုန်သည်များနှင့် ဆန်လုပ်ငန်းရှင်များ အသင်းဝင် ဆန်အရောင်းဆိုင်(၄၂)ဆိုင်မှ လစဥ်ရောင်းချပေးလျက်ရှိပါသည်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလတတိယပတ်တွင် မြိတ်မြို့ပေါ်တွင် ရောင်းချနေသော ဧည့်မထဆန်မှာ တစ်ပြည်လျှင် (၃၀၀၀)ကျပ် ဖြင့်ရောင်းချခဲ့ပြီး ယခုစက်တင်ဘာလစတုတ္ထပတ် တွင် မြိတ်မြို့ပေါ်တွင် ရောင်းချနေသော ဧည့်မထဆန်မှာ တစ်ပြည်လျှင် (၂၅၀၀)ကျပ်မှ (၂၈၀၀)ကျပ်အထိဈေးနှုန်းဖြင့် ရောင်းချပြီး ဈေးနှုန်းများကျဆင်းသွားကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)