ဆိုင်ခန်းဝယ်ယူမှုနှင့်ပတ်သက်၍ တိုင်ကြားလာခြင်းအပေါ် ဖြေရှင်းပေးမှုအခြေအနေ

Powered by Drupal

     ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်နေ တိုင်ကြား သူတစ်ဦးသည် ဟံသာဝတီပွဲရုံနှင့် ကုန်တင်ကားဂိတ် များ ပါဝင်သော လက်ကားဈေးကြီးတွင် အခန်းအမှတ် C-XXXX ကို ကုမ္ပဏီ တစ်ခုထံမှ ၇-၉-၂၀၂၅ ရက်နေ့၌ စရံငွေ ကျပ်သိန်း(၅၀)ပေး၍ဝယ်ယူခဲ့ရာ စာချုပ်ချုပ်ဆို ချိန်တွင် ကုမ္ပဏီအရောင်းစာရေးက ၎င်းအခန်းသည် ရောင်းချပြီးအခန်းဖြစ်နေ၍ စရံငွေကျပ်သိန်း (၅၀)အား ပြန်ပေးမည်ဟု ပြောကြားခဲ့သည့်အတွက် ဖြေရှင်းဆောင်ရွက်ပေးနိုင်ပါရန် စားသုံးသူရေးရာဦးစီးဌာနသို့ စာဖြင့် တိုင်ကြားလာပါသည်။

      ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။     တိုင်ကြားမှုနှင့်ပတ်သက်၍ ဌာနမှတာဝန်ရှိသူများက စေ့စပ် ညှိနှိုင်းပေးမှုအရ တိုင်ကြားသူက အဆိုပါအခန်းအမှတ်ကို မရပါက အခြားတစ်ခန်းကို ငွေကျပ်သိန်း (၅၀)လျော့ပေးလျှင် အစားထိုးဝယ်ယူသွားမည်ဖြစ်ကြောင်း ပြောကြားလာသည့်အတွက် ကုမ္ပဏီမှ တာဝန်ရှိသူကလည်း သဘောတူညီမှုရရှိသဖြင့် ၂၁-၉-၂၀၂၅ ရက်နေ့တွင် တိုင်ကြားသူနှင့် တိုင်ကြားခံ ရသူတို့အား တွေ့ဆုံပြီး ပဲခူးဟံသာဝတီပွဲရုံနှင့် ကုန်တင်ကားဂိတ်များ ပါဝင်သော လက်ကားဈေးကြီး တွင် ရောင်းချလျက်ရှိသည့် ဆိုင်ခန်းများအနက်မှ တိုင်ကြားသူ စိတ်ကြိုက်ရွေးချယ်၍ မူလအခန်း အမှတ်အစား အခြားအခန်းအား အစားထိုးဝယ်ယူခဲ့ရာ ကုမ္ပဏီမှငွေကျပ်သိန်း(၅၀)ကို လျော့ပေးခဲ့ သည့်အတွက် တိုင်ကြားသူမှကျေနပ်မှုရရှိခဲ့သဖြင့် တိုင်ကြားမှုကို စားသုံးသူကာကွယ်ရေးဥပဒေအရ စေ့စပ်ညှိနှိုင်းပေးခြင်းဖြင့် ဖြေရှင်းဆောင်ရွက်ခဲ့ပါသည်။