
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နေ တိုင်ကြားသူတစ်ဦးသည် အဆင့်မြင့်ဆန်ရောင်းဝယ်ရေး တစ်ခုထံမှ ပေါ်ဆန်း(ရှယ်)အမျိုး အစားအား အလေးချိန် (၁၀၈)ပေါင်၊ (၂၄)ပြည် ဝင် ဆန်အိတ်ရေ (၃၃)အိတ်ကို အွန်လိုင်းစနစ်ဖြင့်ဝယ်ယူခဲ့ရာ ပေးပို့လာသည့်ဆန် များ၏အရည်အသွေးသည် နမူနာပြထားသည့်ဆန်အရည်အသွေး နှင့်တူညီမှုမရှိဘဲလွန်စွာကွဲလွဲမှုများရှိနေသောကြောင့် အဆင့်မြင့် ဆန်ရောင်းဝယ်ရေးသို့ ဆက်သွယ်ပြောကြားသော်လည်း တာဝန်ယူမှုမရှိသောကြောင့် စားသုံးသူရေး ရာဦးစီးဌာနသို့စာဖြင့် တိုင်ကြားလာပါသည်။
ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။ တိုင်ကြားမှုနှင့်ပတ်သက်၍ ဌာနမှတာဝန်ရှိသူများက မြန်မာ နိုင်ငံဆန်စပါးကုန်သည်များအသင်းနှင့် ချိတ်ဆက်ဆောင်ရွက်ခဲ့ရာ မြန်မာနိုင်ငံဆန် စပါးကုန်သည် များအသင်းက ၂၂-၈-၂၀၂၅ရက်နေ့တွင် တိုင်ကြားခံရသည့် အဆင့်မြင့်ဆန်ရောင်းဝယ်ရေးမှ တာဝန်ရှိ သူနှင့် တိုင်ကြားသူတို့အား အသင်းရုံးသို့ခေါ်ယူ၍ ညှိနှိုင်းဖြေရှင်းပေးမှုအရ ဆန်အိတ်လက်ကျန် (၂၀)အိတ်အတွက် တန်ဖိုးငွေကျပ် ၉၀၀,၀၀၀/-တိတိကို တိုင်ကြားခံရသူမှ ပြန်လည်ပေးလျော်မှု အပေါ် တိုင်ကြားသူမှ သဘောတူကျေနပ်စွာ လက်ခံခဲ့ပြီး အသင်းမှ တာဝန်ရှိသူများ ရှေ့မှောက်တွင် သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ပါကြောင်း အကြောင်းပြန်ကြားလာပါသည်။ ဌာနမှတာဝန်ရှိ သူများသည် တိုင်ကြားသူထံ ဆက်သွယ်မေးမြန်းခဲ့ရာမှ အသင်းမှခေါ်ယူညှိနှိုင်း ဖြေရှင်းပေးမှုအပေါ် ကျေနပ်မှုရှိပါကြောင်းနှင့် တိုင်ကြားမှုအား ပိတ်သိမ်းလိုကြောင်း ပြန်လည်ပြောကြားခဲ့သဖြင့် တိုင်ကြားမှုအား စားသုံးသူကာကွယ်ရေးဥပဒေအရ စေ့စပ်ညှိနှိုင်းခြင်းဖြင့် ဖြေရှင်းဆောင်ရွက်ခဲ့ပါသည်။