ကလေးခရိုင်အတွင်းရှိ ဆန်/စပါး ဈေးကွက်အခြေအနေနှင့် ကုန်စည်စီးဆင်းမှုအခြေအနေ

Powered by Drupal

        ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ၊ တတိယပတ်အတွင်း ကလေးခရိုင်ဦးစီးမှူးရုံး နယ်မြေ အတွင်းရှိ ကလေးမြို့နယ်နှင့် ဖောင်းပြင်မြို့များတွင် ဆန်စက်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး ခဲ့ကြောင်း သိရှိရပါသည်။

       ကလေးမြို့၊ မြို့သာရပ်ကွက်ရှိ ဆန်စက်အသင်း ဥက္ကဌ ဦးဆွေဝင်း “ ရွှေတော်ဝင်” ဆန်စက်သို့ သွားရောက်တွေ့ဆုံမေးမြန်းရာတွင် ယခုလအတွင်း၌ စပါးကြိတ်ခွဲရမှုအခြေအနေများ၊ ဆန်ရောင်းချရမှုအခြေအနေများ၊ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကလေးမြို့နယ် တာဝန်ခံ ဒေါ်စန္ဒာမွန်မှဦးဆောင်၍ သွားရောက်တွေ့ဆုံမေးမြန်းခဲ့ပါသည်။

   တွေ့ဆုံမေးမြန်းရာတွင် မိမိတို့အနေဖြင့် ယခုလအတွင်း ဆန်များကို အခြားဒေသများသို့ တင်ပို့ရောင်းချရမှုမရှိဘဲ မြို့နယ်တွင်း စားဆန်အဖြစ်သာ ရောင်းချရလျက်ရှိပါကြောင်းနှင့် စပါးဈေး၊ ဆန်ဈေးများအ​နေဖြင့် ဈေးနှုန်းမြှင့်တက်မှုမရှိဘဲ ဧည့်မထစပါး တစ်တင်းလျှင် ( ၁၀၅၀၀ ) ကျပ်၊ ငစိန်စပါး တစ်တင်းလျှင် ( ၉၅၀၀ ) ကျပ်၊ ဧရာမင်းစပါး တစ်တင်းလျှင် ( ၁၃၅၀၀ ) ကျပ်၊ ဧည့်မထဆန် ( ၂၄ ) ပြည် တစ်အိတ်လျှင် ( ၄၄၀၀၀ ) ကျပ်၊ ငစိန်ဆန် ( ၂၄ ) ပြည် တစ်အိတ်လျှင် ( ၄၀၀၀၀ ) ကျပ်၊ ဧရာမင်းဆန် ( ၂၄ ) ပြည် တစ်အိတ်လျှင် ( ၅၅၀၀၀ ) ကျပ် ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။        

    ဖောင်းပြင်မြို့နယ်တာဝန်ခံမှ ဖောင်းပြင်မြို့နယ်၊ ရောင်းဟီးကျေးရွာရှိ ဆန်ကုန်သည် ဦးအောင်သိန်းနှင့် သွားရောက်တွေ့ဆုံမေးမြန်းရာတွင် မိမိတို့အနေဖြင့် လက်ရှိလုပ်ကိုင်ဆောင်ရွက် နေမှုအခြေအနေများမှာ စပါးများသိုလှောင်ခြင်း၊ ဆန်ထုတ်လုပ်ခြင်း၊ ရောင်းချဖြန့်ဖြူးခြင်း လုပ်ငန်းများကို ပုံမှန်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဈေးကွက်အနေဖြင့် အထက်ခန္တီး၊ ဟုမ္မလင်း၊ ဟောင်ပါး၊ ဆယ်ဇင်းနှင့် ရွှေမှော်များသို့ တင်ပို့ခြင်း ကုန်စည်စီးဆင်းမှုများမှာလဲ ပုံမှန်သာ စီးထွက်လျက်ရှိပါကြောင်း ဆန်ကုန်သည် ဦးအောင်သိန်းမှ ဆွေးနွေးပြောကြားခဲ့ပါသည်။

    ဟုမ္မလင်းမြို့နယ်တွင်း ဖြစ်ပေါ်နေသည့် ဆန်ဈေးနှုန်းများအနေဖြင့် ပေါ်ဆန်းမွှေး ဆန် ( ၂၄ ) ပြည် တစ်အိတ်လျှင် ( ၁၀၂၀၀၀ ) ကျပ်၊ လုံးသွယ်မွေးဆန်း ( ၂၄ ) ပြည်တစ်အိတ်လျှင် ( ၈၅၀၀၀ ) ကျပ်၊ ဧရာမင်းဆန် ( ၂၄ ) ပြည် တစ်အိတ်လျှင် ( ၈၇၀၀၀ ) ကျပ်၊ မန်းဧရာ ( ၂၄ ) ပြည် တစ်အိတ်လျှင် ( ၆၂၀၀၀ ) ကျပ်၊ ရွှေသွယ် တစ်အိတ်လျှင် ( ၅၈၀၀၀ ) ကျပ် ပေါက်ဈေးနှုန်းများဖြင့် ဈေးကွက်အတွင်း ရောင်းဝယ်လျက်ရှိကြောင်း လေ့လာသိရှိရပါသည်။

DOCA(စစ်ကိုင်း)