ကသာမြို့ဈေးအတွင်း အောက်တိုဘာလ(၄)ရက်နေ့တွင် ရောင်းချလျက်ရှိသော ကြက်သွန်နီ ဈေးနှုန်းမှာ လက်ကား တစ်ပိဿာလျှင် အကြီး၊ အလတ်၊ အသေးပေါ်မူတည်၍ ကျပ် ၄၀၀၀ မှ ကျပ် ၃၀၀၀ ခန့်၊ လက်လီတစ်ပိဿာလျှင် ကြီး/လတ်/သေး (၄၀၀၀/ ၃၈၀၀/၃၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ကြက်သွန်နီဈေးမှာ စက်တင်ဘာလ နောက်ဆုံးပတ်တွင် ကျပ်(၄၅၀၀)ရှိသည့် အတွက် ဈေးနှုန်းနှိုင်းယှဉ်ကြည့်ပါက ကြက်သွန်နီဈေးနှုန်းမှာ ကျဆင်းလျက်ရှိကြောင်း တွေ့ရသည်။ ကြက်သွန်နီဈေးနှုန်း(အတက်/အကျ)မှာ အချိန်နှင့်တစ်ပြေးညီ ပြောင်းလဲနိုင်ကြောင်းနှင့် ကြက်သွန်နီ ဝင်ရောက်မှုမှာ ယခုတစ်ပတ် မြို့နယ်တွင်းသို့ မန္တလေး၊ မုံရွာဘက်မှ (၃၅)ပိဿာပါ အိတ်(၂၀)ခန့် ဝင်ရောက်ကြောင်း ရောင်းချသူ ကုန်သည်များထံမှ သိရသည်။
ကြက်သွန်ဖြူဈေးနှုန်းမှာ လက်လီတစ်ပိသာလျှင် အကြီး/အသေးပေါ်မူတည်၍ ကျပ်(၅၀၀၀ မှ ၃၈၀၀)ထိ ရောင်းချလျက်ရှိကာ စက်တင်ဘာလ နောက်ဆုံးပတ်တွင် ကြက်သွန်ဖြူဈေးနှုန်းမှာ အကြီး တစ်ပိဿာ (၅၅၀၀) ကျပ်၊ အသေးတစ်ပိသာလျှင်(၄၀၀၀)ကျပ် ဖြစ်သည့်အတွက် ဈေးနှုန်းနှိုင်းယှဉ် ကြည့်ပါက ကြက်သွန်ဖြူ အကြီး/အသေးပေါ်မူတည်၍ ကျပ်(၅၀၀ မှ ၂၀၀)ခန့် ဈေးနှုန်းကျဆင်းလာကြောင်း သိရသည်။ ကြက်သွန်ဖြူ ဝင်ရောက်မှုအနေဖြင့် မြို့နယ်တွင်းသို့ မန္တလေး-မုံရွာဘက်မှ ယခုတစ်ပတ် ပိဿာ(၂၀)ပါ(၃၅)အိတ်ခန့်သာ ဝင်ရောက်ကြောင်း သိရှိရသည်။
DOCA(စစ်ကိုင်း)